Part-7

460 39 0
                                    

Unicode-

နန်းတော်ရဲ့ မျှော်စင်ထက်မှာတော့ မီးလောင်နေသည့် အပါယ်ခံဆောင်ကိုကြည့်ပြီး ကျေနပ်အားရနေသည့် လူတစ်ယောက်ကို ကျန်သည့် တစ်ယောက်ကတော့ စိတ်မသက်သာလို ကြည့်နေသည်။

“မင်းတွေ့လားXiao Yi..ဒါကငါ့ကို မခန့်လေးစားလုပ်တဲ့လူအတွက် ၊ငါ့ရဲ့သတိပေးချက်တွေကို ပေါ့ပျက်ပျက်သဘောထားပြီး အကြိမ်ကြိမ်လျစ်လျူရှုခဲ့တဲ့လူအတွက် အပြစ်ဒဏ်ပဲ။ ”

ညီမတစ်ယောက်အား အရှင်လတ်လတ်မီးလောင်တိုက်သွင်းပြီး မျက်နှာတစ်ချက်မပျက်ပဲ ရယ်သွေးသွမ်းနိုင်သည့်လူ။

အရှိန်ပြင်းစွာတောက်လောင်နေသည့် မီးတောက်အား အားရစွာကြည့်ကာ ကျေနပ်နေသည့်ဤ ငရဲမင်းလိုလူအား Xiao Yi အသွေးအသားထဲထိ ကြောက်ရွံ့စိတ်ဖြစ်‌မိသည်။
Xiao Yi ကျောရိုးတလျှောက် ချွေးစေးများထွက်နေသည်။ဤသူသည်သည်‌လောက်ထိရက်စက်တတ်သည့်သူမျိုးဖြစ်မည်ဟု အိပ်မက်မျှပင်မမက်ဖူးခဲ့ပေ။

“မင်းကော ဘယ်အချိန်ထိ ငါ့အမိန့်တွေကိုဖီဆန်ဖို့တွေးထားတာလဲ”

“ကျွန်.ကျွန်တာ်”

“အရင်တုန်းကမင်းရဲ့သခင်က Shifeiဆိုပေမယ့် ငါနဲ့ပူးပေါင်းပြီးကတည်းက အားလုံးရဲ့သခင်ကငါပဲ..ငါပဲအမိန့်ပေးမယ်..ငါပဲဆုံးဖြတ်ချက်ချမယ်..မလိုက်နာနိုင်ခဲ့ရင်တော့ မင်းလည်းShifeiလိုပဲ အဆုံးသတ်ရမယ်..”

“မှတ်သားထားပါ့မယ်အရှင်”

“ဒီလိုမှပေါ့...မင်းကသဘောပေါက်လွယ်သားပဲ..မင်းလုပ်ရမယ့် တာဝန်ကို မြန်မြန်အဆုံးသတ်တော့..”

“ကျွန်တာ့်ကို အချိန်လေးနည်းနည်းပဲထပ်ပေးပါအရှင် ကျတော်အောင်မြင်မယ်လို့ယုံကြည်ပါတယ်”

“‌ကောင်းပြီလေ..ငါမင်းကိုလဝက်ထိအချိန်ထပ်‌ပေးလိုက်မယ်..အပြောနဲ့အလုပ် ညီပါစေ..မဟုတ်ရင်တော့ Shifeiနောက်လိုက်သွားရမယ်”

“ဟုတ်ကဲ့ပါအရှင်”

အရှင့်ရဲ့အေးစက်စက်စကားသံနှင့် ရက်စက်သည့်အမူအကျင့်တို့ကိုမျက်မြင်ကိုယ်‌တွေ့ ,ကြုံလိုက်ရသည့်Xiao Yiအတွက် တော့ အရှင်သည် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်များထက်ပင် ပိုပြီးကြောက်စရာကောင်း‌သည်။

Hua Hua You Long-Fanfiction MyanmarWhere stories live. Discover now