Part-1

1.3K 66 0
                                    

Unicode-

တောင်ကုန်း မြင့်လေးတစ်ခုပေါ်မှာရပ်ပြီး ပတ်ဝန်းကျင်ရဲ့စိုပြေမှုတွေကိုခံစားနေတဲ့သူ့မျက်နှာဟာ ကြည်လင်ဝင်းပနေတယ် ။ လေပြေတွေတိုက်ခတ်မှုကြောင့် သူ့ဝတ်ရုံလွင့်နေပုံက မြက်ရိုင်းပင်များနဲ့အပြိုင် ယိမ်းနွဲ့ကခုန်နေသလိုပဲ။

လေပြေညှင်းလေးများကတိုက်ခတ်သယ်ဆောင်လာတဲ့ တောပန်းရနံ့များကို ခံစားပြီးအဝေးကိုငေးနေသည်။

“နန်းတော်ကိုပြန်ဖို့ အချိန်ကျပါပြီ သခင် Lu”

Mu Yue၏ သတိပေးမှုကြောင့် နန်းတော်သို့ပြန်ဖို့အချိန်ရောက်နေပြီမှန်းသိလိုက်ရသည်။မိမိ ဖာသာဆိုအချိန်ဘယ်လောက်ရှိပြီလဲဆိုတာသတိထားမိမည်မဟုတ်ပေ။

‌တောင်ပေါ်ဓားမြတစ်ယောက်အဖြစ်ကြီးပြင်းလာတဲ့ Lucang အတွက်‌တော့ ရွှေနန်းတော်ကြီးအတွင်း၌နေထိုင်ရသည်မှာ လှောင်ချိုင့်ထဲက ငှက်လိုပင်။ လွတ်လပ်စွာပျံသန်းခွင့်မရ‌သောငှက်ငယ်ကဲ့သို့ မိမိသည်လည်း လွတ်လပ်စွာလည်ပတ်သွားလာခွင့်မရှိပေ။

နန်းတော်အပြင်ဘက်သို့ လည်ပတ်ခွင့်မရခဲ့သည်မှာအတော်ပင်ကြာပြီဖြစ်သောကြောင့် အပြင်ထွက်ခွင့်ပြုဖို့ Jing ထံခွင့်တောင်းခဲ့သည်။Jingသည်စစပြောချင်းကသဘောမတူပေ။သူပါမှထွက်ရမည်ဟူ၏။သို့သော်ငြား jingသည်ယခုတလော အလုပ်များပိုရှုပ်နေလေသည်။ထို့ကြောင့်Lucangနှင့်အတူ Mu Yue အားလိုက်ပါစောင့်ရှောက်စေသည်။

Mu Yueနဲ့ နှစ်ယောက်သားနန်းတော်ရှိရာပြန်လာခဲ့သည်။ လမ်းတစ်လျှောက် ပွင့်နေသောတောပန်းလေးများနှင့် ကျေးငှက်သံလေးများက စိတ်ကိုရွှင်လန်းစေသည်။

“ရပ်လိုက်”

အသံနဲ့အတူ မိမိတို့ရှေ့သို့ပြေးလာသော အနက်ရောင်ဝတ်လူတစ်စုကြောင့် Lucangနှင့်Mu Yue ဓားများကိုထုတ်ကာ အသင့်အနေထားဖြင့် တိုက်ခိုက်ရန်ပြင်လိုက်သည်။

သာယာလှပသော မြက်ရိုင်းပင်များသည်ခဏတွင်းချင်းသွေးများကွက်လျက်။

“သခင် Luကိုကာကွယ်ကြ”

ရဲမက်ဝတ်စုံနှင့် လူတစ်စုပြေးလာသည် ။ Lucangတို့အားကူကာ ရန်သူများကိုတိုက်ခိုက်လေသည်။စောစောကကျေးငှက်သံလေးများလည်းပျောက်ကာ ခုတော့လက်နက်အချင်းချင်းထိခတ်သံများဆူညံလျက်။

Hua Hua You Long-Fanfiction MyanmarWhere stories live. Discover now