Part-2

683 57 8
                                    

Unicode-

LuCangသည် နန်းတော်သို့ပြန်ရောက်ပြီးငါးရက်မြောက်နေ့မှသာ ပြန်လည်သတိရလာခြင်းဖြစ်သည်။LuCangသတိရလာချင်း အရင်ဦးဆုံးတွေ့လိုက်ရသည့်လူက မိမိမျှော်လင့်ထားတဲ့လူမဟုတ်ခဲ့ဘဲမိမိအား ကယ်တင်ထားပေးခဲ့သည့် ဆေးဆရာလေးXiao Yiဆိုသူဖြစ်နေခဲ့သည်။မိမိေွေ့ချင်သည့်လူအား မတွေ့ရသောကြောင့် LuCangအနည်းငယ်စိတ်ပျက်သွားမိခဲ့သည်။

သို့သော်လည်း LuCangသတိရလာပြီဖြစ်ကြောင်း ကြားသိလိုက်သည့် အချိန်ခဏတွင်းJingသည်လည်းLuCangအဆောင်သို့ အလျင်အမြန်ရောက်လာခဲ့သည်။‌ဆေးဆရာ‌လေးXiao Yiအား LuCangရဲ့ ဒဏ်ရာနှင့်ပတ်သက်၍ မေးမြန်းပြီးသည်နှင့်‌ဆေးဆရာ‌လေးအား အနားယူစေလိုက်သည်။

‌ဆေးဆရာလေးထွက်သွားပြီဆိုတော့မှJingသည်LuCangအား စိတ်ပူပန်စွာ ၊ စိတ်မကောင်းကြီးစွာဖြင့် အနည်းငယ်ဆူပူမှုပြုလေသည်။
ထို့နောက် သတိရစိတ်တို့ ၊ဝမ်းသာစိတ်တို့နှင့်အတူ ချစ်ခြင်းများစွာဖြင့် မွပ်သိပ်စွာ နမ်းရှိုက်လေတော့သည်။

Jingရဲ့ ပြင်းပြသည့်နမ်းရှိုက်မှုတို့အား ပြန်လည်တွေးတောရင်းဖြင့် LuCangကျေနပ်နေမိသည်။
ယနေ့နဲ့ဆိုလျှင်Lu Cangနန်း‌တော်သို့ပြန်‌ရောက်သည်မှာ ဆယ့်ငါးရက်တာမျှရှိသွားခဲ့ပြီ ဖြစ်ပြီးLuCangရဲ့ဒဏ်ရာဟာ သက်သာစပြုနေပြီဖြစ်သည်။Jingသည်လည်းLuCangထံရောက်မလာသည်မှာခုနှစ်ရက်၊ရှစ်ရက်ခန့်ရှိခြဲ့ပီ။

မနက်ဖြန် လက်အောက်ခံတိုင်းပြည် Duhuiပြည်နှင့် မိတ်ဆုံစားသောက်ပွဲကျင်းပကြမည်ဖြစ်ပြီး Jingက Lucangကိုလည်း တက်ရောက်ဖို့ ‌မိန့်ကြားလိုက်‌ကြောင်း အစေခံတစ်ယောက်က လာရောက်လျှောက်တင်လေသည်။

ဤသို့သော ပွဲအခမ်းနားမျိုး၌ယောကျာ်းသားများကနန်းတွင်းရေးရာများ၊ စစ်မက်ရေးရာများ‌ပြောပြီး မိန်းကလေးများက သူ့ထက်ငါ အပြိုင် မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးဖြင့် အလှပြိုင်၊ဂုဏ်ပြိုင်ကြပေဦးမည်။

Lucang အတွက်တော့ အသက်ရှုကြပ်စရာနေရာ၊စိတ်ရှုပ်စရာနေရာ တစ်ခုအပြင်ဘာမှပိုမလာ။သို့သော်လည်းJingနှင့်ပတ်သက်မိသည့် အချိန်မှစပြီးဤစိတ်ရှုပ်ထွေးစရာ‌နေရာတွေကိုအကြိမ်တစ်ရာမက တက်ရောက်နေရသည်မို့ ယခုလည်း မညည်းမညူ တက်ရောက်ရပေဦးမည်။

Hua Hua You Long-Fanfiction MyanmarWhere stories live. Discover now