Unicode-
အဝေးကစည်တီးသံကို ခပ်သဲ့သဲ့ကြားနေရသော်လည်း
မျက်လုံး အစုံကို မဖွင့်ချင်လောက်အောင် Lucangပင်ပန်းနေခဲ့သည်။ယမန်နေ့ညတစ်ညလုံး Jingရဲ့နှိပ်စက်မှုကြောင့် Lucang တစ်ကိုယ်လုံးကိုက်ခဲနေသည်။အိပ်ယာထက်က ခန္ဓာကိုယ်ကို မနည်းအားပြုလို့ပင် ကုန်းရုန်းထလိုက်သည်။ပြီးနောက် ကိုယ်လက်သန့်စင်ကာ ဝတ်ရုံအသစ်လဲပြီး မနက်စာ စားလိုက်သည်။ယခုချိန်ဗိုက်ပြည့်အောင်စားထားမှ တော်ကာကျပေမည်။နို့မဟုတ်ရင် ပွဲထဲရောက်မှ ဗိုက်ဆာနေမှ ဒုက္ခရောက်နေဦးမည်။ယခင်သိုင်းလောကမှာ ကျင်လည်ခဲ့စဉ်က ဤပွဲမျိုးကို Lucang အမှန်တကယ်နှစ်သက်ခဲ့သည်။
ဤပွဲမျိုး၌ ပါဝင်ယှဉ်ပြိုင်လိုစိတ်ပြင်းပြခဲ့သည်။ဆန္ဒပြင်းပြခဲ့သည့်အလျောက် ပြိုင်ပွဲများစွာမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုပေါင်းများစွာ ဂုဏ်ပုဒ်များစွာကိုလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။ယခုတော့ဖြင့် ဤပွဲမျိုးသည် မိမိနှင့် လားလားမျှမဆိုင်သကဲ့သို့ပင်။
“သခင်Lu”
“စစ်သူကြီး Mu Yue”
“အရှင်မင်းကြီးက သခင်Luကို ခေါ်ခိုင်းလိုက်ပါတယ်”
“ ကျွန်တော်လည်း အဆင်သင့်ဖြစ်နေပြီပဲ..သွားကြတာပေါ့”
သိုင်းပြိုင်ပွဲကျင်းပသည့် နေရာသို့လာရာလမ်းတစ်လျှောက်လုံး၌ Datongရဲ့ ပြိုင်ပွဲဝင်မည့် သူရဲကောင်းများအပြားကို တွေ့ရသည်။
“သခင်Lu ဒီပြိုင်ပွဲမှာ တကယ်ပဲမပါဝင်ချင်ဘူးလား”
Mu Yueရဲ့ မေးခွန်းကို Lucang ကစိတ်လက်ပေါ့ပါးစွာဖြေလိုက်သည်။
“အရင်ကဆိုတော့ ဒီပွဲမျိုးဆို မရ ရအောင် ဝင်ပြိုင်ဦးမှာ..ခုချိန်မှာတော့ ဒါတွေနဲ့ အလှမ်းဝေးခဲ့ပြီမို့ စိတ်မပါတော့ဘူး”
Lucangရဲ့အဖြေစကားကို ကြားပြီးMu Yueက ခေါင်းတဆတ်ဆတ် ငြိမ့်လျှက်အသိမှတ်ပြုနေခဲ့သည်။
ပြိုင်ပွဲကျင်းပရာ ကွင်းပြင်သို့ရောက်သည့်အခါ Lucangအမှန်တကယ်ငေးမောသွားခဲ့သည်။
![](https://img.wattpad.com/cover/259247043-288-k607942.jpg)
YOU ARE READING
Hua Hua You Long-Fanfiction Myanmar
Fanficကျင်းရဲ့ရွေးချယ်မှု။က်င္းရဲ့ေရြးခ်ယ္မႈ Jing&LuCang My first fiction 🚨Not Translation🚨 အရင်ကောင့်က ဝင်မရတော့တာကြောင့် ဆက်တင်ပေးလို့မရတော့ပါဘူး။ ဒါကြောင့်ဒီအကောင့်မှာပဲ ဆက်တင်ပေးသွားပါမယ်။ ကျွန်တော့်ရဲ့ပျက်ကွက်မှုအတွက်readerတွေကို တကယ်ပဲအနူးညွတ်တော...