Unicode-
ဖြစ်ပျက်ခဲ့သည့် အကြောင်းချင်းရာများအား LuCangစဉ်းစားနေမိသည်။
သိုင်းပြိုင်ပွဲ၌မိမိနာမ်မည်အား အဘယ်သူကသွားထည့်ခဲ့တာလဲ..?။သိုင်းပြိုင်နေစဉ်အတွင်းမှာလည်းထွက်ပေါ်လာသည့် ခဲလုံးပိုင်ရှင်က ဘယ်သူများလဲ..။နောက်ပြီး Qing Xianကို လုပ်ကြံတာကကော ဘယ်သူလဲ...။တွေးလေလေ ရှုပ်ထွေးရလေဖြစ်နေသည်။ဘယ်တုန်းက မိမိဆီမှာ ခုလောက်ထိ ရန်သူတွေပေါများသွားခဲ့တာလဲ။ဘာကြောင့်လဲ..။
LuCangမည်သို့မျှတွေးမရနိုင်ဖြစ်နေခဲ့သည်။
Jingကတော့ သိနိုင်လောက်ပေမည်။
Jingသည် အရာရာတွင် အခြားလူထက် ခေါင်းတစ်လုံးပိုနေတတ်တဲ့လူမျိုး၊အခြားသူထက် ခြေတစ်လှမ်း သာနေတတ်တဲ့ လူစားမျိုးပင်။“Xiao Cang”
Jingအကြောင်းတွေးနေစဉ်အတွင်းJingက LuCangထံရောက်လာခဲ့ပြီ။
“ဘာတွေ တွေးနေတာလဲ။မင်းကြည့်ရတာ ခုရက်ပိုင်းအတွင်း အရင်လိုတက်တက်ကြွကြွမရှိဘူး”
“မင်းထင်လို့ပါ”
“ ငါထင်ရင်လွဲခဲတယ်လေ။ပြောစမ်းပါဦး ငါကိုယ်တော်ရဲ့ Xiao Cangကို ဘယ်အရာတွေက မပျော်မရွှင်ဖြစ်စေတာလဲ”
“မင်း..စနောက်နေတာ တော်သင့်ပြီ”
“ငါဘယ်တုန်းက စနောက်လို့လဲ။ငါအတည်ပြောနေတာ။ပြောစမ်းပါဦး။မင်းကို ဘယ်သူတွေက ဘာပြောလိုက်ပြန်ပြီလဲ”
“သူများပြောတာလောက်နဲ့ ငါကဘာကိုခံစားနေရမှာလဲ၊မင်းအတွေးလွန်နေပြီ”
“ဆိုတော့...ခုချိန်ထိမင်းကိုပြောဆိုတဲ့သူကရှိနေသေးတယ်ပေါ့”
“မဟုတ်ဘူး။ငါဆိုလိုတာ အဲ့ဒီသဘောမဟုတ်ဘူး။မင်းအတွေးမမှားနဲ့”
“Xiao Cangရာ၊Xiao Cang ငါ့လောက်မင်းအကြောင်းကို ဘယ်သူကပိုသိမှာလဲ။”
“တော်ပြီ ငါဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ဘူး။ငါမင်းကို မေးစရာရှိလို့”
“ဘာမေးမှာလဲ”
LuCangခေတ္တစဉ်းစားဟန်ပြုပြီးနောက်....

YOU ARE READING
Hua Hua You Long-Fanfiction Myanmar
أدب الهواةကျင်းရဲ့ရွေးချယ်မှု။က်င္းရဲ့ေရြးခ်ယ္မႈ Jing&LuCang My first fiction 🚨Not Translation🚨 အရင်ကောင့်က ဝင်မရတော့တာကြောင့် ဆက်တင်ပေးလို့မရတော့ပါဘူး။ ဒါကြောင့်ဒီအကောင့်မှာပဲ ဆက်တင်ပေးသွားပါမယ်။ ကျွန်တော့်ရဲ့ပျက်ကွက်မှုအတွက်readerတွေကို တကယ်ပဲအနူးညွတ်တော...