Unicode-
ကြီးမားကျယ်ဝန်းလှတဲ့နန်းတော်ရဲ့ ပရဝုဏ်အတွင်း အခြားနန်းဆောင်များနဲ့ ကွာဝေးလွန်းလှပြီး ချောင်ချတဲ့နေရာမှာရှိသည်က အများကခေါ်ဝေါ်သည့် ရေခဲနန်းဆောင်( သို့)အပါယ်ခံနန်းဆောင်..။
အဆင်တန်ဆာတွေဘာတစ်ခုမှမရှိတဲ့ သာမန်အဆောင်က အပြင်ဘက်ကနေကြည့်ရင် အထီးကျန်ခြင်းတွေက အဆောင်တစ်ခုလုံးကိုလွှမ်းခြုံနေသလိုရှိပေမယ့်..တကယ်တမ်းအသက်ဝင်နေသည်က အကျည်းတန်လွန်းလှသည့် အမုန်း အာဃာဒ ဒေါသတရားများသာ။
အပါယ်ခံဆောင်ကိုရောက်သည့်နေ့မှစပြီးShifeiမိဖုရားရဲ့ဒေါသတရားများကလည်း ပိုမိုကြီးထွားလာခဲ့သည်။ပြစ်ဒဏ်ကျခံထားရပေမယ့်လည်း
နန်းသွေးလွယ်ထားရသူဖြစ်သောကြောင့် ဧကရာဇ်က အစေခံနှစ်ယောက်ကိုလိုက်ပါစောင့်ရှောက်စေခဲ့သည်။“မယ်မယ် ဆေးသောက်ဖို့အချိန်ရောက်ပါပြီ”
အစေခံမလေးကမ်းပေးလာတဲ့ ဆေးခွက်ကိုကြည့်ပြီး Shifeiမိဖုရားမျက်နှာကိုရှုံ့မဲ့ကာ ဆေးခွက်ကို ပုတ်ချလိုက်လေသည်။
“ငါမသောက်ဘူး”
“ဒါပေမယ့် မယ်မယ် ဆေးဆရာလေးက..”
"တိတ်စမ်း...ငါကမသောက်ဘူးလို့ပြောနေတယ်မဟုတ်လား၊နင်တို့သခင်က ငါလားဆေးဆရာလား”
“ကျွန်တော်မျိုးမတို့ကို ခွင့်လွှတ်ပါမယ်မယ်၊မယ်မယ်ကသာ ကျွန်တော်မျိုးမတို့ရဲ့သခင်ပါ”
“ဟွန့် ..၊ခုချိန်မှာငါကဘယ်လိုလုပ်ပြီး စိတ်လျော့နိုင်မှာလဲ၊ငါစီစဉ်ထားတာက ခုလိုတြွေဖစ်လာဖို့အတွက်မဟုတ်ဘူး။LuCang...LuCang အတော်လေးကို အဆိပ်ပြင်းတဲ့LuCangပဲ”
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း မကျေနပ်မှုဒေါသတရားများကြောင့် သူမရဲ့ခန္ဓာကိုယ်ကတုန်ယင်နေသည်။
သူမရဲ့မျက်လုံးများကလည်း ဒေါသခိုးတို့ဝေနေခဲ့သည်။“ငါစုံစမ်းခိုင်းထားတာဘယ်လိုလဲ”
“ဟုတ်ကဲ့၊မယ်မယ်သိချင်တဲ့အကြောင်းအရာကို ဆေးဆရာလေးက သူကိုယ်တိုင် ဒီညသန်းခေါင်ယံအချိန်မှာမယ်မယ့်ဆီ သတင်းလာပို့မယ်လို့အကြောင်းပြန်လိုက်ပါတယ်”

YOU ARE READING
Hua Hua You Long-Fanfiction Myanmar
Fanfictionကျင်းရဲ့ရွေးချယ်မှု။က်င္းရဲ့ေရြးခ်ယ္မႈ Jing&LuCang My first fiction 🚨Not Translation🚨 အရင်ကောင့်က ဝင်မရတော့တာကြောင့် ဆက်တင်ပေးလို့မရတော့ပါဘူး။ ဒါကြောင့်ဒီအကောင့်မှာပဲ ဆက်တင်ပေးသွားပါမယ်။ ကျွန်တော့်ရဲ့ပျက်ကွက်မှုအတွက်readerတွေကို တကယ်ပဲအနူးညွတ်တော...