Unicode-
ခမ်းနားလှပတဲ့ အနီရောင်ဝေါယာဉ်အတွင်းဝံ့ကြွားစွာစီးနင်းလိုက်ပါလာတဲ့သူမ..။
သူမရဲ့ဘေးနှစ်ဘက်နှင့်အနောက်ဘက်မှာတော့ကိုယ်ရံတော်ရဲမက်များနှင့်အစေခံမိန်းကလေးများ..။မြို့တွင်းလမ်းတစ်လျှောက်လုံး သူမကို ကြိုဆိုသူမျာနှင့် ပြည့်နှက်နေသည်။Datongပြည်သူတွေနှစ်ရှည်လများမျှော်လင့်စောင့်စားခဲ့ရတဲ့Datongရဲ့ဧကရီအလောင်းလျာဖြစ်တဲ့ မင်းသမီးQing Xian။
Datongရဲ့နန်းရင်ပြင်ကိုသူမရောက်ပြီဆိုသည်နှင့့် နန်းရင်ပြင်၌ တန်းစီပြီးကြိုဆိုနေကြသည့် မှူးမတ်အစ၊အစေခံအဆုံး ရာထူးကြီးငယ်မရွေးက သူမကို ဂါရဝပြုနှုတ်ဆက်ကြသည်။သူမကိုဂါရဝမပြုတဲ့သူတစ်ယောက်ကတော့ရှိနေခဲ့သည်။ဤသည်ကလည်းထိုသူက သူမကိုဂါရဝပြုစရာမလိုတဲ့သူဖြစ်နေတာကြောင့်ပင်။ထိုသူသည်ကား Datongအင်ပါယာရဲ့ဧကရာဇ် Jing Zongပင်။
မင်းသမီးQing Xianသည် အစေခံရဲ့အကူအညီဖြင့်ဝေါယာဉ်ထက်မှဖြည်းညှင်းစွာဆင်းလိုက်ပြီးဧကရာဇ်ထံလျှောက်သွားလိုက်သည်။ဧကရာဇ်သည်လည်းသူမအားပြုံးကာ ကမ်းလင့်ကြိုနေခဲ့သည်။
ထို့နောက် မှူးမတ်တွေဘက်ပြန်လှည့်လိုက်ပြီးအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်နှင့်....။“ကျွန်တော်တို့Datongရဲ့ဧကရီလျောင်းလျာဖြစ်တဲ့ မင်းသမီးQing xianကို ဂါရဝပြုပါတယ်”
“မင်းသမီးQing Xianသက်တော်ရာကျော်ရှည်ပါစေ”
အသံတွေကပဲ့တင်ထပ်သွားသည်။ထိုအသံကိုနားထောင်ရင်း Qing Xian ကျေနပ်စွာပြုံးလိုက်သည်။
ယနေ့သည်ဧကရီလျောင်းလျာအားကြိုဆိုသည့်နေ့ဖြစ်သည်။
Datongပြည်သူပြည်သားအားလုံးပျော်ရွှင်ရသည့်နေ့...။နန်းတော်ထဲမှာလည်း စားသောက်ပွဲများ၊အကအလှမျိုးစုံဖြင့် ပျော်ရွှင်မှုကိုပုံဖော်ကာ ဧကရီလျောင်းလျာအား ကြိုဆိုဂုဏ်ပြုကြသည်။
ထိုလူအုပ်ထဲ၌အများနည်းတူမပျော်ရွှင်နိုင်သည့် လူသားသုံးဦးလည်းရှိနေခဲ့သည်။
YOU ARE READING
Hua Hua You Long-Fanfiction Myanmar
Fanfictionကျင်းရဲ့ရွေးချယ်မှု။က်င္းရဲ့ေရြးခ်ယ္မႈ Jing&LuCang My first fiction 🚨Not Translation🚨 အရင်ကောင့်က ဝင်မရတော့တာကြောင့် ဆက်တင်ပေးလို့မရတော့ပါဘူး။ ဒါကြောင့်ဒီအကောင့်မှာပဲ ဆက်တင်ပေးသွားပါမယ်။ ကျွန်တော့်ရဲ့ပျက်ကွက်မှုအတွက်readerတွေကို တကယ်ပဲအနူးညွတ်တော...