Part-13

574 42 1
                                    

Unicode-

နံနက်ခင်းရဲ့နေရောင်ခြည်ကသိပ်ကိုနွေးထွေးလွန်းသည်။

အိပ်ယာထက်ကLucangသည်လည်း မိမိ၏မျက်နှာထက်လာရောက်ကျီစယ်သည့်နွေးထွေးသည့်နေရောင်ခြည်
ကြောင့် မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။

မျက်လုံးဖွင့်လိုက်ချင်းသူတွေးလိုက်မိသည်က Jingဘယ်မှာလဲဆိုတာပဲ။

Jingကိုတွေ့ရဖို့ စောင့်မျှော်နေခဲ့ပေမယ့် မိမိရဲ့ခန္ဓာကိုယ်ကရုတ်တရက်ကြီး ဖောက်ပြန်လာခဲ့သည်။

Lucangသည် ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းလွန်းသည့် ယောကျာ်းရင့်မကြီးတစ်ယောက်ဖြစ်သည်။

ယခင်နေ့ကဘယ်လိုဘယ်ပုံ သတိမေ့မျောသွားမှန်းမိမိကိုယ်တိုင်လည်းမသိလိုက်ပေ။

ကြာပန်းဥယျာဉ်တော်အတွင်း၌ထိုင်ပြီး ထိုအဖြစ်ပျက်များအားအချိန်အနည်းငယ်ကြာသည်အထိစဉ်းစားနေမိသည်။

ခေါင်းခြောက်လောက်‌သည်အထိစဉ်းစားသော်ငြားလည်း မိမိမေ့မြောသွားရသည့် အကြောင်းအရင်းအား စဉ်းစားမရခဲ့ပေ။

စိတ်အတွေးတို့သည် အစိုးမရသကဲ့သို့ Lucangသည်လည်းJingအားတွေးမိသွားလေသည်။

ယမန်နေ့ညက အကြောင်းအရာအားစဉ်းစားလိုက်မိသည်နှင့်Lucang၏ မျက်နှာသည် နီရဲသွားလေသည်။

ထိုအဖြစ်ပျက်သည် အိပ်မက်ပေလား။တကယ့်လက်တွေ့ဖြစ်ခဲ့သည်လား ဆိုသည်ကိုLucangအဖြေမထုတ်နိုင်ခဲ့ပေ။

Lucangအိပ်ပျော်နေစဉ်အချိန်အတွင်းJingရောက်လာခဲ့သည်ဟု ထင်မှတ်မိသည်။နောက်ပြီး အထိအတွေ့များသည် အမှန်တကယ်ကို လက်တွေ့ဆန်လွန်းနေသည်။

မနက်အိပ်ယာထသည့်အချိန်၌ Lucangရဲ့ အထဲဝတ်ဘောင်းဘီ၏အ‌ရှေ့ပိုင်းသည် ‌ပေပွနေခဲ့သည်။အိပ်မက်နှင့်လက်တွေ့မသဲကွဲသည့် မိမိကိုယ့်ကိုလည်း အနည်းငယ်ဒေါသထွက်မိလေသည်။

တွေးရင်းနှင့်ပင်Jingအား တွေ့ချင်သည့်စိတ်တို့က ထိန်းချုပ်မရနိုင်စွာဖြင့်တဖန်ပြန်လည်ကြီးစိုးလာခဲ့သည်။

Hua Hua You Long-Fanfiction MyanmarWhere stories live. Discover now