Unicode
"Yoonieရေ...yoonie!!!''
မိမိအိပ်နေတုန်း အတင်းတွေ အားတမတွေ အော်နှိုးလာသော လူသားကြောင့် yoongiမှာ မထချင်ထချင်ဖြင့် ထထိုင်လိုက်ရသည်....မျက်လုံးတို့ကတော့ မပွင့်သေး...
"အိပ်နေတယ်လေ...အိပ်နေတယ်လေဗျာ....''
"Yoonie...နောက်တပတ်ကျရင် ကျောင်းက jaejudoကို သွားမှာတဲ့...အဲ့ဒါ ငါရောလိုက်သွားရမလါးဟင်....''
"အင်း...''
"အ့ဆိုငါဝတ်ဖို့ အကျီၤ်လေးတွေ ကူရွေးပေးဦး...''
"အင်း...''
"onlineမှာ တွေ့ထားတဲ့ အကျီၤ်လေးတွေက အရမ်းလှတယ်....''
"အင်း....''
"ဒါလေးဆိုရင်ရော....အို့....ဒါလဲမိုက်တယ်...ငါနဲ့က ဘာနေနေ လိုက်တော့ လိုက်ပါတယ်လေ...အား...ဒီဒီဇိုင်းက ငါ့အကြိုက်ပဲ....''
Namjoonတယောက် အားတက်သရောနဲ့ ဖုန်းကိုကြည့်ပြီး မမောနိုင် မပန်းနိုင်ပြောနေပါသော်လဲ နောက်က ကောင်လေးရဲ့ စကားသံကို မကြားရတော့တာမို့ လှည့်ကြည့်မိတော့ ခြေထောက်နှစ်ချောင်းကြားထဲ ခေါင်းစိုက်နေသော yoongi.....
တွေ့လိုက်ရတဲ့ ပုံစံလေးကြောင့် namjoonမှာ ရယ်ရအခက် ငိုရအခက်နှင့်...
ထို့နောက်...သက်ပြင်းချရင်းသာ ကောင်ငယ်လေးကို ဖြည်းဖြည်းချင်း ဆွဲထူကာ ခေါင်းအုံးပေါ်ကို သေချာလေး ပြန်တင်ပေးရင်း နဖူးထက်သို့ အနမ်းတပွင့် ခြွေချပြီး အခန်းထဲက ထွက်ဖို့ လုပ်လိုက်တော့သည်....
အိပ််ယာပေါ်က yoongiကို လည်ပြန်ကြည့်ရင်း ခြေသံကို အတတ်နိုင်ဆုံးလုံအောင် ခပ်ဖွဖွ လျှောက်လမ်းနေစဉ်....
ဒုန်းးးးး
ရှေ့ကခုံကို မမြင်မစမ်းနဲ့ ဝင်တိုက်မိသည့်အခါမှာတော့.
.
.
.
."Kim namjoonshiiiiiiiii''
******************************
"Taetaenim hyung!...ဘာတွေရှာနေတာလဲ...''
ပျိုးပင်တွေနားမှာ ကုန်းကုန်း ကုန်းကုန်း ဖြစ်နေသော taehyungအား yoongi လှမ်းမေးလိုက်သည်....
"Aww...ဒီနားမှာ အကောင်တကောင် တွေ့လိုက်လို့....''
"ဟုတ်လား....ဘာကောင်လဲ....''

YOU ARE READING
Our Bad Baby(Season-1 Completed)
Fanfictionကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခဲ့တယ်...သူက သိပ်ဆိုးတာဗျ....... OTP-SIN,NAMGI,SOPE,JIMSU,TAEGI,KOOKGI NOTICE:BOTTOM YOONGI ကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခ...