Unicode
ခုံပေါ်က စာလေးကိုကြည့်ပြီး သူတို့လက်သီးကို တင်းတင်းဆုပ်ထားမိသည်....
မျက်ဝန်းအိမ်တို့မှာတော့ မီးတောင်အလား နီရဲနေ၍....
ဘာလို့လဲ....တိတိကျကျ ရေရေရာရာ မရှိတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို ထားသွားခဲ့တာ ဘာလို့များလဲ....
သူတို့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေခဲ့ပြီလေ....
လူတွေကြားမှာ ဂုဏ်ယူရတဲ့သူတွေဖြစ်အောင် ကြိုးစားနေထိုင်နေပြီလေ....
သူတို့မှာ ဘာလိုအပ်ချက်တွေများ ရှိနေလို့ပါလဲ....
ဘာတဲ့....ကျွန်တော်မရှိရင် hyungတို့ပိုပျော်ရှွင်ရမှာပါတဲ့လား....
ဟင့်အင်း....ထိုကောင်လေးမရှိတဲ့နေရာမှာ တသက်လုံးမပြောနဲ့.... တစက္ကန့်တောင် မနေလိုပါ....
"ငါတို့ဒီတိုင်းထိုင်နေလို့တော့ မဖြစ်ဘူး....''
ရုတ်တရက်ပြောလိုက်တဲ့ namjoonကြောင့် seokjinကပါဝင်၍....
"လိုက်ရှာကြမလား....သူအဝေးကြီးကိုတော့ မရောက်လောက်သေးဘူး ထင်တယ်....''
"Nono....သူဘယ်သွားတယ်ဆိုတာ ကျွန်တော်တို့သေချာမသိပေမဲ့ သိတဲ့သူတွေတော့ ရှိတယ်....အဲ့တော့ အဲ့ဒီသိတဲ့သူတွေကိုပဲ သွားမေးတာကောင်းမယ်....''
Jungkookရဲ့စကားကြောင့် သူတို့မျက်မှောင်ကြုတ်လိုက်သည်....
"နားမလည်ဘူးလား....သူ့ကိုပို့ခဲ့တာ appaတို့လေ...အဲ့တော့ သူဘယ်သွားတယ်ဆိုတာ appaတို့ သိနိုင်မှာပဲ....''
ထိုအခါမှ သူတို့အားလုံး သဘောပေါက်ကာ သူတို့မသွားချင်ဆုံးသော အိမ်ဆိုသည့်နေရာကို ဦးတည်ရတော့သည်....
"Appaတို့ သိတယ်မဟုတ်လား....''
Seokjinမေးလိုက်တော့ Mr.Jungတို့သုံးယောက် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်....
"ဘာလဲ....yoonieက မပြောနဲ့လို့ ပြောထားခဲ့လို့လား....တောင်းပန်ပါတယ်ဗျာ...ကျွန်တော်တို့ဘဝမှာ သူ့ကို မရှိမဖြစ် လိုလို့ပါ....ကျေးဇူးပြုပြီး ပြောပြပေးလို့မရဘူးလား....''

DU LIEST GERADE
Our Bad Baby(Season-1 Completed)
Fanfictionကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခဲ့တယ်...သူက သိပ်ဆိုးတာဗျ....... OTP-SIN,NAMGI,SOPE,JIMSU,TAEGI,KOOKGI NOTICE:BOTTOM YOONGI ကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခ...