Unicode
ရှေ့ကစောင့်နေတဲ့ လူသားခြောက်ယောက်ကို ကြည့်ပြီး သူ့ရင်တွေက အထိန်းအကွပ်မဲ့စွာ ခုန်ပေါက်နေရဲ့....
ကြည့်နေတဲ့ လူတွေများတာကြောင့် ခုပဲဒီကနေ ထွက်ပြေးချင်သလိုလို....
အင်း....ထွက်ပြေးလဲ အလွတ်မပေးမဲ့အတူတူ မထူးဇာတ်ခင်းပြီး ခမ်းမအလယ်က ကော်ဇော်အနီပေါ် ဆက်လျှောက်ရုံသာ....
ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်ထပ်ပွဲကြီး မြန်မြန်အောင်မြင်ဖို့သာ သူဆုတောင်းနေမိသည်....
မဟုတ်လျှင် ဒီလူတွေ ဘာထပ်လွဲနေဦးမယ်မသိ....
အဲ...အဆင်တော့ပြေနေသည်....လက်စွပ်မလဲခင်အချိန်ထိပေါ့....
ရှေ့ကလူသားခြောက်ယောက်ရဲ့ လက်များဝယ် သူစွပ်ပေးလိုက်သော ပလတ်တီနမ်ကွင်းများက လှပစွာ နေရာယူထားပေမဲ့....
သူ့အလှည့်အရောက်မှာတော့....
"ဟေ့ရောင်....ငါဝတ်ပေးမှာ....''
Namjoonရဲ့လက်ထဲက တခုတည်းသော လက်စွပ်လေးကို ဆွဲလုလိုက်သောjin....
"မရဘူး...ကျွန်တော်ပဲ ဝတ်ပေးမယ်...''
ဤအခါ ဝင်ဆွဲသူက.....
"Hoseok hyung!....ကျွန်တော်ကအငယ်လေ....ကျွန်တော် ဝတ်ပေးမယ်..... ''
ဤသို့ဖြင့် သူ့အတွက်ဆိုသည့် လက်စွပ်လေးက ဟိုလူ့လက်ထဲရောက်လိုက် ဒီလူ့လက်ထဲရောက်လိုက်နဲ့ သူ့မှာလဲ ဟိုကြည့်ဒီကြည့်ဖြစ်နေရသည်....
တခြားသူတွေကလဲ ခပ်ကြိတ်ကြိတ်ရယ်နေကြ၏....
"ခန!!!"
သူအော်လိုက်တော့ ချက်ခြင်းရပ်သွားသော လှုပ်ရှားမှုများ....
"ပေး....ကျွန်တော့်ဘာသာဝတ်မယ်....မဟုတ်လဲ...hyungတို့ ခြောက်ယောက်လုံးလက်နဲ့ ထိပြီးသားပဲဟာ....''
ထိုအခါမှ ကျေနပ်သွားသူ အပေါင်းတို့က နောက်တဆင့် ရောက်ပြန်တော့ တစခန်းထပြန်သည်....
"အကြင်နာပေးနိုင်ပါပြိီိ....''
"Jin hyung!...ကျွန်တော်အရင်နမ်းမှာ....''
"ငါကအကြီး....ငါအရင်နမ်းမှာ....''
"မရပါဘူး....kim taehyungလေးက အငယ်ဆိုတော့ kim taehyungလေးပဲ အရင်နမ်းလိုက်မယ်နော်....''

KAMU SEDANG MEMBACA
Our Bad Baby(Season-1 Completed)
Fiksi Penggemarကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခဲ့တယ်...သူက သိပ်ဆိုးတာဗျ....... OTP-SIN,NAMGI,SOPE,JIMSU,TAEGI,KOOKGI NOTICE:BOTTOM YOONGI ကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခ...