💜 part 9 💜

2.1K 245 70
                                    

Unicode

တပတ်.....Kim Seokjinတို့အဖွဲ့ ရန်မဖြစ်တာ တပတ်တိတိရှိပြီဖြစ်သည်.....

ဤသည်က သတင်းကောင်းပေမဲ့ သူမပျော်နိုင်ပါ.....

ထိုအဖွဲ့ ရန်မဖြစ်သည်နှင့် သူတွေ့ချင်သည့် ကလေးငယ်ကို မတွေ့ရပေ.....

"ဟူးးးးသတိရလိုက်တာ.....''

ခပ်ဆွေးဆွေးရေရွတ်မိရင်း သူ့ခေါင်းထဲဝင်လာသော အကြံတချို့က.....

"အမှတ်စာရင်း???''

******************************

"Nae??????''

"ကျွန်တော်တို့ ရန်မဖြစ်ဘူးလေ....''

"အဟင်း....ဒီတခါက အမှတ်စာရင်းကိစ္စပါ....မင်းတို့အကုန်လုံးရဲ့ အဆင့်တွေက နောက်ဆုံးရဲ့ ရှေ့သာသာပဲ ရှိတာဆိုတော့ အရမ်းညံ့လွန်းတယ်....''

"ဟွန်းးးဆရာကြီးကလဲ....အဲ့ဒါဆိုလဲ appaတို့နဲ့ ပြောပေါ့....''

"မင်းတို့ appaတွေက ခေါ်ခိုင်းတာလေ.....''

"ဟာ.....မသိဘူး....မခေါ်ဘူးပဲ....''

တယောက်တပေါက် ငြင်းခုန်နေသည်ကြောင့် သူ ညစ်ကျယ်ကျယ် ပြုံးလိုက်ရင်း ဖုန်းနံပါတ်တခုဆီသို့ လှမ်းဆက်လိုက်သည်.....

"Hello....hyungတို့သားတွေနဲ့ စကားပြောလိုက်ပါဦး.....''

"Hello....ငါ့ရဲ့သားတွေ.....yoongiလေးကို appaတို့ ခေါ်ခိုင်းလိုက်တာ.....''

"ဘာလို့လဲ appaတို့ရာ.....အဆင့်ကျတာလေးနဲ့ ကျွန်တော်တို့ ဘဝပျက်မသွားပါဘူး.....''

"အင်းလေ....ပြီးတော့ min yoongiနဲ့ ဘာဆိုင်လို့လဲ....ကျွန်တော်တို့ဟာကို...ကျွန်တော်တို့ကိုမွေးထားတဲ့ appaတို့ပဲ လုပ်ပေးရမှာလေ....''

တဖက်ကနေ အသေအကြေ ငြင်းနေတဲ့ သားတော်မောင်တွေကြောင့် သူတို့တယောက်မျက်နှာတယောက် ကြည့်လိုက်ကာ.....

"ဟင်းးးးအေးလေ....သားတို့က yoongiလေးကို အုပ်ထိန်းသူလို့ မသတ်မှတ်ဖူးကိုး.....ကောင်းပြီကောင်းပြီ.... ဒါဆိုလဲ yoongiလေးကို appaတို့ဆီပဲ ပြန်ခေါ်လိုက်မယ်....နော်....''

"Nae??????''

"အာ....အဲ့...အဲ့လောက်ကြီး မ...မလိုပါဘူး.... ''

Our Bad Baby(Season-1 Completed)Where stories live. Discover now