Unicode
Yoongiတယောက် မိမိရှေ့တွင် မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ကြောင်ကြည့်နေသော လူသားနှစ်ယောက်အား စိတ်မရှည်တော့စွာ ကြားထဲကတိုးပြီး အိမ်ထဲဝင်လိုက်သည်....
Seokjinနဲ့namjoonမှာလည်း yoongiရဲ့အတွန်းကောင်းမှုကြောင့် နောက်ကအငယ်ကောင်တွေနဲ့ ပြန်တိုက်မိကာ yoongiအား လောင်းဖို့ယူလာသည့် ရေပုံးက သူတို့ကိုယ်ပေါ်သို့.....
"အားးးShittရေတွေစိုကုန်ပြီ....''
"Hyung!...ဘာလို့လာတိုက်တာလဲဗျာ....''
"ဟ...ငါမဟုတ်ဘူး...ဟိုအကောင်ပေါက်တွန်းသွားတာလေ....''
"Tsk!!ငါတို့ကို ဘာမှတ်နေလဲမသိဘူး.... တွေ့မယ်....''
သူတို့ခြောက်ယောက်လုံး ဒေါသထွက်စွာ yoongiအား ရန်ရှာဖို့သွားလိုက်ပေမဲ့ ဧည့်ခန်းကဆိုဖာပေါ်မှာ နှာခေါင်းရှုံ့ပြီး မိန့်မိန့်ကြီးထိုင်နေသော yoongiကြောင့် ဘာမှမပြောနိုင်တော့ဘဲ အံ့သြတကြီးသာ ကြည့်နေမိကြတော့သည်....
Yoongiလည်း ရှေ့ကလူသားတွေကို တချက်ကြည့်လိုက်သည်....ထို့နောက် ဆံပင်ပန်းရောင်နှင့်လူသားအား လက်ညှိုးထိုးလိုက်ရင်း....
"Kim seokjin!...Uni final yearရောက်မှာဆိုပေမဲ့ ရန်ဖြစ်လို့ တနှစ်အောက်လိုက်ရတာမို့ third yearကို ပြန်တတ်နေရတဲ့သူ....''
သူ့ကိုလက်ညှိုးထိုး ပြောနေသူအား Seokjinမှာ မျက်လုံးပြူးကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့...
Yoongi လက်ညှိုးကို နောက်တယောက်ဆီရွေ့လိုက်ပြီး....
"Kim namjoon.!...Uni third year....အကိုဖြစ်သူ kim seokjinနဲ့ အတူတူကျောင်းတက်နေတယ်....''
"မင်း!!''
Namjoonဒေါသထွက်စွာ ပြောဖို့ပြင်လိုက်ပေမဲ့ yoongiကတော့ ဂရုမစိုက်အားဘဲ နောက်တယောက်ဆီိကို လက်ညှိုးညွှန်ရင်း....
"Jung hoseok!...Uni third year...jungkookဆိုတဲ့ ညီတယောက်ရှိတယ်....''
''Hk...အဲ့ဒါထားပါဦး...ငါတို့က ဘယ်လိုလူတွေလဲဆိုတာ မင်းသိရဲ့လား....''
"ပထမစည်းကမ်း....ကျွန်တော်စကားပြောနေရင် ဖြတ်မပြောနဲ့....''
"Borr?...''
"Park jimin!...တဦးတည်းသောသား...Uni second year....Kim taehyung!...kim seokjinနဲ့kim namjoonတို့ရဲ့ညီ...Uni second year....Jungkook!...jung hoseokရဲ့ညီ...Uni second year......''

YOU ARE READING
Our Bad Baby(Season-1 Completed)
Fanfictionကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခဲ့တယ်...သူက သိပ်ဆိုးတာဗျ....... OTP-SIN,NAMGI,SOPE,JIMSU,TAEGI,KOOKGI NOTICE:BOTTOM YOONGI ကျွန်တော်တို့ခြောက်ယောက်ရဲ့ ဘဝထဲကို သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးတယောက် ဝင်လာခ...