💜 part 10 💜

2.2K 241 37
                                    

Unicode

"မင်း ဘယ်တုန်းက သူနဲ့ အဲ့လောက်ရင်းနှိီးသွားတာလဲ....''

"သူက ဆရာနော်....မင်းလိုကောင်မျိုးက ဆရာကို ဦးငယ်လို့ခေါ်တယ်ဆိုတာ မသင့်တော်ဘူးကွ.....''

"ငါတို့ကိုကျ အမြဲ ဟိုဟာမလုပ်နဲ့ ဒီဟာ မလုပ်နဲ့နဲ့....မင်းလုပ်တာတေကျတော့ အကောင်းချည်းပဲလား....ဟမ်.....''

Eunwooနဲ့ စကားပြောနေတုန်း သူ့အား အတင်းဆွဲခေါ်လာကာ အိမ်ရောက်တော့လဲ ပက်ပက်စက်စက် အပြောခံနေရတာမို့ yoongi ဒေါသထွက်သလို ဝမ်းလဲဝမ်းနည်းလာရသည်....

"ခင်ဗျားတို့ လွန်နေပြီနော်....ကျွန်တော်က သူခေါ်ခိုင်းသလိုခေါ်တာ....ရင်းနှိးတယ်ဆိုတာကလဲ ရိုးရိုးသားသားပါ.... ဆရာတယောက်က ကိုယ့်အပေါ် ကြင်ကြင်နာနာ ဆက်ဆံပေးနေတာကို ကျွန်တော်က အဲ့လိုမလုပ်ပါနဲ့ဆိုပြီး ငြင်းပစ်လိုက်ရမှာလား....''

"Hk.....ပိုက်ဆံကြောင့်လား.....''

"ဘာ!!!''

"မင်းအခုလိုတွေလုပ်နေတာ ပိုက်ဆံကြောင့်လားလို့.....''

Jiminရဲ့ မေးသံအဆုံး Yoongi မျက်ဝန်းတွေ ရဲတက်လာခဲ့ရသည်....

သူဟာဘယ်လောက်ပဲ မပြည့်စုံတဲ့သူပေမဲ့ သူ့ရဲ့မာနတရား သိက္ခာတရားကိုတော့ တန်ဖိုးထားတတ်သေးသည်....

"ခင်...ခင်ဗျားတို့ဗျာ...ပြောရက်လိုက်ကြတာ....ကျွန်တော့်သိက္ခာတွေကို စော်ကားရက်လိုက်ကြတာ....hk....ရတယ်လေ....ခုချိန်ကစပြီး ခင်ဗျားတို့ဘာလုပ်လုပ် ကျွန်တော်မပြောဘူး.....ကျောင်းကိုလဲ လိုက်ပို့စရာမလိုဘူး.....ကျောင်းအုပ်ခေါ်ရင်လဲ မလိုက်တော့ဘူး.....အဲ့ဒါမှ မကျေနပ်သေးရင်
.
.
.
.
.

ဒီအိမ်က ထွက်သွားပေးဖို့အသင့်ပဲ......''

ပြတ်ပြတ်သားသား ပြောပြီး ထွက်သွားသူကို ကြည့်ရင်း သူတို့ ဒေါသတွေ ပိုတိုးလာခဲ့ရသည်.....

ဘာလို့လဲ.....ဘာလို့ ထိုအကောင်ငယ်က သူ့တို့ကို နားလည်မပေးနိုင်ရတာလဲ......

သူတို့ ခုလို ဒေါသထွက်နေရတယ်ဆိုတာ ထိုအကောင်ငယ်ကို တခြားသူနဲ့ တွဲမြင်နေရတာ အရမ်းမုန်းလို့.....

Our Bad Baby(Season-1 Completed)Where stories live. Discover now