💜 part 4 💜

2.4K 252 86
                                    

Unicode

"ခင်ဗျားတို့ဒီနေ့ ကျောင်းမသွားကြဘူးလား...''

ဧည့်ခန်းထဲမှာ ပျင်းတိပျင်းရွဲ့ ထိုင်နေကြသော သူတို့ကို မေးလာသည့် အကောင်ပေါက်အား ကိုယ်စီကိုယ်စီ မျက်စောင်းထိုးလိုက်ကြရင်း....

"မင်းမနေ့က သေအောင်ခိုင်းထားတာကို ငါတို့က ဘယ်လိုလုပ်သွားနိုင်မှာလဲ....''

Jiminစကားအား သူတို့အားလုံးခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်....

"အဲ့လိုခိုင်းရအောင် ခင်ဗျားလုပ်တာပဲလေ....ထားတော့...ခု ခင်ဗျားတို့လည်း အားတယ်ဆိုတော့ ကျွန်တော့်ကို marketလိုက်ပို့ဦး....''

"ဟာ...မအားပါဘူး.....''

"ဟုတ်တယ်... ငါတို့အလုပ်တွေရှိတယ်....''

အကောင်ပေါက်၏ လိုက်ပို့ဦးဆိုသည်နှင့် သူတို့အားလုံး အကြောက်အကန် ငြင်းလိုက်ကြသည်....

Yoongiမှာလဲ မိမိစကားကို အားလုံးက ငြင်းပယ်လိုက်ကြတာမို့ မျက်မှောင်ကြုတ်လိုက်သည်....

ထို့နောက် ခြောက်ယောက်လုံးကို တချက်ဝေ့ကြည့်မိစဉ် ဆိုဖာပေါ်မှီပြီး မျက်လုံးကိုအတင်းမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေသော namjoonကိုတွေ့လိုက်တာကြောင့် namjoonဘေးသို့ အမြန်ပဲ ဝင်ထိုင်လိုက်ရင်း....

"Hyungie....yoonieကို လိုက်ပို့ပါနော်...yoonieတယောက်ထဲမသွားရဲလို့ပါ....နော်....နော်လို့....''

Namjoonတယောက်မလဲ မိမိလက်မောင်းကို တွဲခိုလာရင်း ဇွတ်အတင်းတွေ ချွဲနေသော အကောင်ပေါက်ကြောင့် လက်မခံချင်သော်ငြား အင်တင်တင်နဲ့ လက်ခံလိုက်ရတော့သည်....

***********************************

"Wow...hyungie...ငါးအကြီးကြီးပဲ....''

"Yah!!ချထားစမ်းပါ....''

"Hyungie!!ဒါလေးဝတ်ကြည့်ပါလား...ခိခိ...''

"Min yoongi!!မထော်မနန်းတွေ လုပ်မနေနဲ့....''

"Hyungie!...ice-creamစားရအောင်...''

"အချိုများတယ်...မစားချင်ဘူး.... ''

"Hyungie!!ဒီဖိနပ်လေးလှတယ်နော်...''

"မိန်းကလေးစီးလိုလို ဘာလိုလိုနဲ့....မဝယ်ချင်ပါဘူး....''

Marketကို ရောက်နေတာ တနာရီတိတိ ရှိနေပေမဲ့ သူတို့နှစ်ယောက်မှာ ခုထိလက်ဗလာသာ....yoongiမှာ မနေနိုင်တော့သည့်အဆုံး....

Our Bad Baby(Season-1 Completed)Место, где живут истории. Откройте их для себя