💜 part 16 💜

1.8K 191 26
                                    

Unicode

Yoongi အိမ်အပြင်ကို အမြန်ပြေးထွက်လိုက်သည်....

"Hyungတို့!....''

သူခေါ်လိုက်တော့ လှည့်ကြည့်လာကြသော လူသားများ....

"Yoonie....hyungတို့ သွားတော့မယ်နော်....ဂရုစိုက်နေခဲ့....ကျောင်းလဲ hyungတို့ ပြန်မလာသေးမချင်း မတက်နဲ့ဦး.... ခွင့်တိုင်ထားတယ်...နော်...''

ပါးစပ်ကသာ အမှာစာတွေ ရွတ်နေပေမဲ့ လူတွေကတော့ မအားကြပါ...

ကားထဲကို ရှိသမျှ ပစ္စည်းတွေ အကုန်ထိုးထည့်နေသော လူသားတွေအား....

"Hyungတို့ပြောတော့ မနက်ဖြန်မှသွားမှာဆို...''

"အစက ဟုတ််တယ်yoonieရေ...hyungတို့က ကိုယ့်ကားနဲ့ကိ်ုယ် လိုက်မှာဆိုပြီး ခပ်ပေါ့ပေါ့ နေလိုက်တာ....ခုနကမှ ဆရာက ဖုန်းဆက်လာတယ်...jaejudoသွားမဲ့လမ်းတွေကို မနက်ဖြန်တရက် ပိတ်မှာဆိုလို့ ချက်ခြင်းကြီးသွားရတော့မှာ...အမလေး...မောတာ...''

ပစ္စည်းတွေကို တင်ရင်းနဲ့ စကားအရှည်ကြီးကို ပြောလိုက်ရတာကြောင့် jungkook ကိုယ့်ရင်ဘတ်ကို လက်နဲ့ဖိလိုက်သည်...

ဤသည်ကို မြင်သော yoongiမှာလဲ သဘောတကျပြုံးရင်း....

"ဟုတ်ပါပြီ...အရမ်းကြီးတော့ မလောကြပါနဲ့ဦး....လိုတဲ့ပစ္စည်းတွေ ဘာတွေကျန်နေဦီးမယ်...''

Yoongiစကားအဆုံးမှာတော့ ပစ္စည်းအားလုံးကို တင်ပြီးပြီဖြစ်တာကြောင့် သူတို့အားလုံး ကားပေါ်ကို အမြန်တက်လိုက်ကြသည်....

"ကဲ...hyungတို့သွားမယ် yoonie...စိတ်ချမယ်နော်...ဖြစ်နိုင်ရင် ခေါ်သွားခြင်တာကို....yoonieက မလိုက်ချင်လို့သာ....''

ကားမောင်းတဲ့နေရာမှာ ထိုင်တဲ့ jinတယောက် ကားပြတင်းပေါက်ကနေ ခေါင်းလေးပြူကြည့်နေသော ကောင်ငယ်လေးကို မျက်နှာမကောင်းစွာ ပြောလိုက်သည်....

"လွတ်လွတ်လပ်လပ် သွားကြပါhyungတို့ရယ်...ကားကိုဖြေးဖြေးတော့မောင်းနော်....ပစ္စည်းတွေရော စစ်ပြီးပြီလား....''

"ပစ္စည်းကစုံပါပြီ...''

"Okok....အ့ဆိုလဲ သွားတော့လေ...''

"Omm byebye....''

"Byebyeပါ...hyungတို့ရော....''

Yoongi တခြားသူတွေကိုပါ ကြည့်ပြီး လက်ပြနှုတ်ဆက်လိုက်သည်...

Our Bad Baby(Season-1 Completed)Onde histórias criam vida. Descubra agora