💜 part 17 💜

1.8K 198 9
                                    

Unicode

"Yoonie...ဘာဖြစ်တာလဲ.... အဆင်ပြေရဲ့လား....''

ပြူးတူးတူးလေးကြည့်နေသော ကောင်ငယ်လေးအနား သူတို့အပြေးသွားလိုက်သည်...

ခန္ဓာကိုယ်အန့ှ့့ံ ဟိုစမ်းဒီစမ်းနဲ့ စိုးရိမ်တကြီး မေးမိတော့ jiminဆီမှ နှာရှုံ့သံက ခပ်ကျယ်ကျယ် ပေါ်ထွက်လာ၏....

"ဖြစ်တာက ကျွန်တော်ပါဗျာ...အနေအထားလေးလဲ တချက်လောက်ရှိုးဦး....ဒီမှာ မထနိုင်တော့ဘူး....''

ထိုအခါမှ jungkookနဲ့taehyungတို့ jiminကို ဆွဲထူပေးလိုက်သည်...

"နေပါဦး....မင်းက ဘာလို့ကုတင်အောက်ကျနေရတာလဲ....ပြီးတော့ yoonieကရော...ဘာလို့ ကုတင်ပေါ်ရောက်နေတာလဲ....''

Seokjinရဲ့ အမေးကြောင့် yoongiခေါင်းစားရလေပြီ....

"ဘာ...ဘာမှမဖြစ်ပါဘူး.... အဲ့ဒါထား....hyungတို့က ဘာလို့ပြန်လာတာလဲ... ''

ဒီအချိန်မှာ အကောင်းဆုံးက စကားလမ်းကြောင်း လွှဲတာပင်....

"Jiminကျန်နေခဲ့လို့လေ....''

"ဟင်းဟင်း....အဲ့ဒါကြောင့် အစကတည်းက သတိပေးတာ...စစ်ပါစစ်ပါလ့ို....ပြောတော့စုံပြီဆို....ခုကျန်နေခဲ့တာပဲမလား....''

"Yoonieက ပစ္စည်းတွေကိုလို့ ပြောတာလေ...လူတွေကိုလို့မှ မပါတာ....''

ပြန်ပက်လာတဲ့ namjoonကြောင့် yoongi ကိုယ့်နှဖူးသာ ကိုယ်ပြန်ရိုက်လိုက်တော့သည်....

"အဲ့တော့ ကျွန်တော်မှားတာပေါ့....''

"ဟင်...ဟီး...အဲ့လိုပြောတာ မဟုတ်ပါဘူး yoonieရယ်....အဟင်း....''

"ဟွန်း.....ကဲလုပ်.....တော်ကြာ ခရီးလမ်းနောက်ကျနေဦးမယ်....jiminnie hyung!....ပစ္စည်းတွေ ထည့်စရာရှိတာထည့်....''

"ဟင့်အင်း....မသွားတော့ဘူး....''

"ဟမ်!..."

"ငါကတော့ မလိုက်တော့ဘူး....ကုတင်ပေါ်က နှစ်ခါတောင် ပြုတ်ကျလို့ pင်နာနေပြီ....ထတောင်မထချင်တော့ဘူး....ဗြဲ....ရက်စက်လိုက်တာလို့....''

အသံဗြဲကြီးနဲ့ အော်ငိုကာ ကိုယ့်pင်ကို လက်နဲ့အုပ်ကိုင်ရင်း ရေချိုးခန်းထဲ ထော့နဲ့ထော့နဲ့ ဝင်သွားသူကြောင့် yoonie ရယ်ချင်တာကို အောင့်ထားလိုက်ရသည်....

Our Bad Baby(Season-1 Completed)Donde viven las historias. Descúbrelo ahora