Part 1

2.3K 73 3
                                    

Zawgyi

At 1:30 A.M.

ည 1:30 လူခြေတိတ်၍ မှောင်နေချိန်တွင် မီးလင်းလျက်ရှိနေသေးသော အခန်းတစ်ခု။ ထိုအခန်းရှိ စာကြည့်စားပွဲပေါ်တွင် တင်ထားသော Laptop ရှေ့၌ အိပ်ပျော်နေသော လူတစ်ဦးလည်းရှိနေ၏။ Laptop ၏ screen ပေါ်တွင် အဆုံးမသတ်ရသေးသော ရေးလက်စ ဝတ္ထု တစ်ပုဒ်ရှိနေသည်။

"If you're lucky,..... "

Phone ringtone သံကြောင့် အိပ်ပျော်နေသော ထိုလူမှာ နိုးလာလေသည်။

"ကျစ်... ဒီအချိန်ကြီး ဘယ်သူဖုန်းဆက်တာလဲကွာ။ ညဥ့်နက်နေပြီကို။ အာ... Director Qing ပဲ။ ဇာတ်ညွှန်းရေးပြီးပြီလားလို့ မေးဦးမှာပဲထင်တယ်။

Hello Director Qing။ .....ဇာတ်ညွှန်းလား။ ပြီးပါတော့မယ်။ အဆုံးသတ်နား ရောက်နေပါပြီ။.....ဟုတ်ကဲ့ သရုပ်ဆောင်ပေးမယ့် မင်းသားနဲ့ မနက်ဖြန် သွားတွေ့ကြည့်လိုက်ပါမယ်။..... ဟုတ်ကဲ့ပါဗျ။ ကောင်းသောညဖြစ်ပါစေ Director Qing"

ထို့နောက် ထိုလူသည် Laptop ကို Power off ပြီး အိပ်ရာ ဝင်သွားလေသည်။
-----------------
At 7:00 A.M.

Ti Ti Ti Ti.....Ti Ti Ti Ti.....

*အင်း... Alarm တောင် မြည်နေပြီပဲ။ ဒီနေ့လည်း ဟို ဂွတိဂွကျနိုင်တဲ့ မင်းသားကို သွားတွေ့ရဦးမှာပဲ။*
လို့တွေးရင်း အကြောဆန့်နေ၏။ ထိုနောက် ထိုလူသည် ရေချိုးခန်းသို့ ဝင်၍ မျက်နှာသစ်ပြီး ရေမိုးချိုးသန့်စင်နေသည်။

ထိုလူကား အခြားသူမဟုတ်။ စာရေးဆရာ Wang ဖြစ်လေသည်။ အခုမှ နာမည်ကြီးခါစ စာရေးဆရာ တစ်ယောက်ဟုဆိုလျှင်လည်း မမှားနိုင်ပေ။ Wang ကိုအားပေးသော ပရိသတ်များလည်း အတော်အသင့်လောက် ရှိသည်။ Wang သည် Technology ဖြင့် ကျောင်းပြီးထားသော်လည်း ဝါသနာအရ စာရေးဆရာ လုပ်နေသူ ဖြစ်သည်။

ယခုလည်း မနေ့က ရေးလက်စ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးဖို့ ဂွကျတဲ့ မင်းသားနှင့် Wang သွားတွေ့ရပေဦးမည်။

မင်းသားက နာမည်ကြီးထဲက တစ်ယောက်ပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးဆိုလည်း မမှားဘူး။ သူ့ကို ယောက်ျားလေးကအစ သဘောကျကြတယ်။ သူက လူတိုင်းနဲ့ ဆက်ဆံရေး အဆင်ပြေပါတယ်။ Wang နဲ့ကျမှပဲ ဘုနဲ့ ဘောက်လိုဖြစ်နေတာ။

Until the end Where stories live. Discover now