Part 4

582 39 1
                                    

Zawgyi

ဝမ်သခင်လေးတစ်ယောက် သူ့ကိုယ့်သူ မယုံသဖြင့် ပတ်ဝန်းကျင်အား နောက်တစ်ကြိမ် လှည့်ပတ်ကြည့်နေပြန်၏။ ယခု သူရောက်နေသော နေရာမှာ သလွန်ညောင်စောင်း တစ်ခုပေါ်တွင် ဖြစ်လေသည်။ သူ၏အရှေ့တွင်ရှိသည့် 'ရိရှန်း' ဟုအမည်တွင်သော မိန်းကလေးတစ်ဦးသည် ဆံပင်ကို နှစ်ဖက်ခွဲစည်းထားပြီး ရှေးခေတ် အဝတ်အစားများ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ သူကိုယ်တိုင်လည်း ရှေးခေတ် နန်းတွင်းအဝတ်အစားများနှင့်ပင် ဖြစ်လေသည်။

"ဖြန်း"

"ဟာ...သခင်လေး။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်နေတာလဲ။ ဒီမှာ လက်ရာတွေ ထင်ပြီး နီတောင်နီကုန်ပြီ။ "

"မရိုက်လို့ရမလားဟ။ အခုမက်နေတဲ့ အိပ်မက်ကနေ မြန်မြန်နိုးအောင် ရိုက်ပြီး နှိုးနေတာလေ။ (ဖြန်း... ဖြန်း....) မြန်မြန်နိုးပါတော့ဟ။"

"ဟာ... သခင်လေးရယ်..ဘယ်ကသာအိပ်မက်ဖြစ်ရမှာလဲ။ ဧကန္တ သခင်လေး လက်ထပ်ရတော့မှာမို့လို့ မယုံနိုင်ဖြစ်ပြီး အိပ်မက်လို့ ထင်နေတာထင်တယ်။ "

"ဗြဲ....မားမားရေ... သားတော့ Time traveling ဖြစ်သွားပြီထင်တယ်။ ဖြစ်တော့လည်း ရောက်ရောက်ချင်း လက်ထပ်ရပြန်ပြီ။ လက်ထပ်ရတော့လည်း သားနဲ့ အတူတူပဲဖြစ်တဲ့ ယောက်ျားလေးတဲ့။.... အဟင့်... အဟင့်... "

ဟုတ်ပေသည်။ ဝမ်သခင်လေးထင်ထားသော အရာမှာ မမှားပေ။ သူကိုယ်တိုင် Time traveling ဖြစ်ပြီး ဇာတ်ညွှန်းထဲ ရောက်နေခြင်းဖြစ်သည်။ Wang တစ်ယောက် Time traveling ဖြစ်ပြီး သူကိုယ်တိုင် ရေးထားသော ဇာတ်ညွှန်းထဲရှိ ဝမ်ရိပေါ် ဆိုသော ဇာတ်ကောင်နေရာသို့ ရောက်သွားခြင်း ဖြစ်သည်။ ယခုလို ငိုနေခြင်းကလည်း Sean တောင်တွေ့ရခဲတဲ့ Wang ရဲ့ ကလေးဆန်မှုလေးတစ်ခု။

"ဟာ.. သခင်လေး.. မငိုနဲ့တော့လေ။ မျက်လုံးတွေနာတော့မှာပဲ။ ဒုက္ခပါပဲ အငိုတိတ်အောင် ရိရှန်း မလုပ်တတ်ဘူး။ ဒီကြားထဲ သခင်လေးက တိုင်းထွာပုလင်း တွေကော ပြောနေတယ်။ အခုမှ အိပ်ရာနိုးပြီး ဘာတွေယောင်နေတာလဲမသိဘူး။ ရိရှန်း ရူးချင်လာပြီ။ "

[ရိရှန်းလေးရဲ့ အကောင်းစား အသံထွက်
Time traveling=တိုင်းထွာပုလင်း ]
-----------------
-----------------
ဝမ်ရိပေါ်

Until the end Where stories live. Discover now