Part 11

386 35 1
                                    

Zawgyi

စကားပြောနေရင်း ရုတ်တရက် လဲကျသွားသောသူကြောင့် ရှောင်းကျန့်တို့ သုံးယောက်စလုံး ထိတ်လန့်သွားသည်။

"အမယ်လေး။ သခင်လေး။ သတိထားပါဦး သခင်လေးရယ်.... အဟင့်.. အဟင့်... ။ "

ရိရှန်းက သူ့ရဲ့ သခင်လေးအနားသို့ အပြေးသွားကာ သတိရအောင် လုပ်နေသည်။

ရှောင်းကျန့် တစ်ယောက် တဖြည်းဖြည်း စိမ့်ဝင်လာသော ကြောက်ရွံ့မှုကို ခံစားလာရသည်ဟု ထင်သည်။ ဘာကို ကြောက်ရွံ့လာမှန်းလည်း မသိ။

ရှောင်းကျန့်လည်း ထိုအကြောက်တရားကို ခေတ္တခဏ ဖယ်ထုတ်ကာ ဝမ်ရိပေါ်ကို ပွေ့ချီပြီး အနီးရှိ ပြင်ဆင်ထားသော ညောင်စောင်းပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်ရံတော်ကို သမားတော် အမြန်သွားခေါ်ပေးဖို့ ပြောရသေးသည်။

"ရှောင်ရှန်း.. သမားတော် မြန်မြန်သွားခေါ်ချေ။ ပြီးတော့ ဟိုစားပွဲပေါ်မှာတင်ထားတဲ့ ခွက်ထဲမှာရှိတဲ့ သေရည်တွေကိုလည်း သွန်လိုက်တော့။ "

"ဟုတ်ကဲ့ပါ သခင်လေး။ ဒါပေမဲ့ သေရည်ကို သွန်ပစ်လိုက်ဖို့ကလေ... "

"သွန်လိုက်တော့။ နောက်မှ နည်းလမ်းထပ်ရှာမယ်။ "

"ဟုတ်ကဲ့ပါ သခင်လေး။ လာ..ဟိုတစ်ယောက်.. ငိုနေလို့ ဝမ်သခင်လေးက သတိပြန်ရလာမှာ မဟုတ်ဘူး။ သမားတော်သွားခေါ်ကြမယ်။ "

ပြောနေရင်း ခွက်ထဲရှိ သေရည်တွေကို သွန်လိုက်ပြီး  ရိရှန်းကို ဆွဲခေါ်ကာ အခန်းအပြင်သို့ ထွက်သွားလေသည်။

ငါတောင် သေရည်မတိုက်ရသေးဘူး သူက လဲကျသွားတယ်။ တကယ်ပဲ နေမကောင်းဘူးလား။ ဒါမှမဟုတ် ငါ သူ့ကို အဆိပ်ခတ်ထားတာကို သတိထားမိသွားလို့ ဟန်ဆောင်နေတာလား။

သူ့လက်ဖြင့် ဝမ်ရိပေါ်၏ နဖူးပြင်ကို စမ်းကြည့်လိုက်သည်။ မျက်မှောင်ကျုံ့သွားသူကြောင့် တကယ် ခေါင်းကိုက်နေတာပဲဆိုပြီး ကရုဏာသက်မိသည်။ ထို့နောက် ဝမ်ရိပေါ်ရဲ့မျက်နှာကို သေသေချာချာ ကြည့်မိသည်။

ဒီကောင်လေး တော်တော်ချောတာပဲ။ မျက်တောင် ကော့ကော့လေးတွေရယ်၊ နှာတံ လုံးလုံးလေးရယ်၊ ပြီးတော့ နှုတ်ခမ်းဖူးဖူးလေးရယ်။ ဒါပေမဲ့ နှမြောစရာပဲ။ ငါက မင်းကိုသတ်ဖို့ ကြံစည်တာ ဒီတစ်ခေါက် မအောင်မြင်တော့ နောက်တစ်ကြိမ် အခွင့်ကြုံရင်ကြုံသလို ကြံစည်ဦးမှာပဲ။
-----------------
"သမားတော်ကြီး အထဲကိုကြွပါ။ သခင်လေးကို ကုသပေးပါဦး။ "

Until the end Where stories live. Discover now