Part 8

384 29 0
                                    

Zawgyi

"အဟွတ်... အဟွတ်... "

"သခင်လေး... စိတ်ကိုလျော့ပါ။ ချောင်းတွေဆိုးနေပြီ။ သခင်လေး သောက်နေကျဆေး ယူလာတယ် မဟုတ်လား။ ဘယ်နားထားလဲ။ ကျွန်မသွားယူပေးမယ်။ ရောဂါအခြေအနေမဆိုးလာအောင် အခု ဆေးသောက်ထားရအောင်။ "

ရှောင်းကျန့် တစ်ယောက် ချောင်းဆိုးနေလေပြီ။ လက်သီးဆုပ်ပြီး ဒေါသထိန်းချုပ်ထားရသောကြောင့် သူ၏လက်များပင် တုန်နေလေသည်။

ကျန့်ကောတစ်ယောက် မိမိပြောလိုက်သောစကားကြောင့် ဒေါသထွက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရိပေါ် ဝမ်းနည်းမိသည်။ ရိပေါ်ကို မုန်းသွားပြီလား ကျန့်ကောရယ်။ ကျန့်ကောကို မြတ်နိုးပြီး ပိုင်ဆိုင်ချင်တဲ့စိတ်ကြောင့် ရိပေါ်ဒီလို ဆုံးဖြတ်မိတာပါ။ ကျန့်ကောရဲ့အမုန်းကို ရိပေါ် ကျေကျေနပ်နပ် ခံယူပါ့မယ်။ ရိပေါ်ရဲ့ အနားမှာပဲ ကျန့်ကော ရှိနေပေးပါ။

"ဝမ်ရိပေါ်..... မင်းက ငါ့ကို ဒီလိုမျိုး ကျေးဇူးဆပ်လိုက်တာပေါ့။ ဟုတ်လား..... အဟွတ်.. အဟွတ်... "

"မင်းသား ထင်ချင်သလိုထင်ပါ။ ကျွန်တော်ကတော့ ပြောထားတဲ့အတိုင်းပဲ။ ပြန်မပြင်ဘူး။ မနက်ဖြန် မင်္ဂလာပွဲမှာ တွေ့ကြမယ်။ ရိရှန်း.. လာ..အိမ်တော်ကို ပြန်မယ်"

"သခင်လေး ရိပေါ်..ဘာတွေလုပ်နေတာလဲ။ "

"ရိရှန်းရာ... ငါ့ကိုဘာမှ မမေးစမ်းနဲ့။ မနက်ဖြန် မင်္ဂလာပွဲကို မဖြစ်မနေ တက်ရောက်ဖို့ မင်းသားကိုပြောလိုက်။ ငါ အိမ်တော်ပြန်နှင့်ပြီ။ "

"ဟုတ်ကဲ့...။ မင်းသားရှောင်း မနက်ဖြန် မင်္ဂလာပွဲကို မဖြစ်မနေ တက်ရောက်ပါလို့ သခင်လေးရိပေါ်က ပြောပါတယ်။ ရိရှန်း ပြန်လိုက်ပါဦးမယ်"

လို့ပြောပြီး ရိရှန်းတစ်ယောက် သခင်လေးရိပေါ်နောက်ကို အမှီလိုက်ရပြန်လေသည်။

"သခင်လေး... အခု ကျွန်မတို့ ဘယ်လိုဆက်လုပ်ကြမလဲ။ စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်ရမလား။ "

"အဟွတ်...အဟွတ်... စီစဉ်ထားတဲ့ အတိုင်းပဲ ဆက်လုပ်မယ်။ သူက ငါ့ကို လက်ထပ်မယ်ဆိုတော့လည်း ငါကလက်ထပ်ပေးရတာပေါ့။ "

Until the end Where stories live. Discover now