Part 6

509 24 0
                                    

Zawgyi

လက်ထပ်ပွဲနေ့ မတိုင်ခင် တစ်ရက်

ဂိတ်တံခါးကို ဖြတ်ပြီး ဝမ်တိုင်းပြည်အတွင်းသို့ ဝင်လာသော မြင်းရထားတစ်စီး။ ထိုမြင်းရထားတွင် တပ်ဆင်ထားသော ရထားလုံး၏ အဆင်တန်ဆာပုံစံကိုကြည့်ခြင်းဖြင့် အထက်တန်းလွှာ အသိုင်းအဝိုင်းများသာ စီးနင်းလိုက်ပါနိုင်သော မြင်းရထားတစ်စီးမှန်း ခန့်မှန်းနိုင်သည်။

"သခင်လေး... အခု ကျွန်မတို့ ဝမ်တိုင်းပြည်ထဲကို ရောက်နေပါပြီ။ ဒုတိယ မင်းသမီးလေးရဲ့အိမ်တော်ကို တန်းသွားပေးရမလား။ ဒါမှမဟုတ် မြို့ထဲမှာ ခဏလောက်နားပြီးမှ ဆက်သွားပေးရမလား။ "

ဟု ဆံပင်ကို မြှောက်စည်းထားသော မိန်းကလေးတစ်ဦးက သူမ၏မြင်းပေါ်မှဆင်းပြီး ရထားလုံးနားကို ကပ်၍ ပြောနေလေသည်။ ဝမ်ဘုရင်မကြီး၏ သားသမီး သုံးဦးစလုံးသည် နန်းတော်ဝင်းအတွင်း မနေကြဘဲ နန်းတော်အနီး မြို့တွင်း၌သာ ကိုယ့်အိမ်တော်နှင့် ကိုယ်နေထိုင်ကြသဖြင့် ထိုမိန်းကလေးမှ ယခုကဲ့သို့ မေးနေခြင်းဖြစ်သည်။

"တစ်ခါတည်း တန်းသွားမယ် ရှောင်ရှန်း...။ ဒီကိစ္စမြန်မြန်ပြီးရင် မြန်မြန်စိတ်အေးရတယ်။ "

ဟု ရထားလုံးအတွင်းမှ ယောက်ျားပျိုတစ်ဦးက ကန့်လန့်ကာပိတ်စကို အသာလှပ်၍ ရှောင်ရှန်းဟု အမည်ရသော မိန်းကလေးကို လှမ်းပြောလေသည်။

"အမိန့်အတိုင်းပါ သခင်လေး... "

ဟု ပြောကာ အရိုအသေပေး၍ ရှောင်ရှန်းတစ်ယောက် သူမ၏မြင်းပေါ်သို့ပြန်တက်သွားပြီး

" မြင်းထိန်း.... ရှေ့ကိုပဲဆက်သွားမယ်.... "

ထိုစဉ်

"သခင်လေး ရိပေါ် လာနေပြီဟေ့.... "
ဟု အော်ရင်း အမောတကော ပြေးလာသော လူတစ်ဦး။
ထိုလူ အော်ရင်း ပြေးလာရာလမ်းတစ်လျှောက်ရှိ ဈေးဆိုင်များသည်လည်း အလျင်အမြန်ပိတ်သိမ်းကုန်ကြ၏။

ဝမ်သခင်လေးသည် ပစ္စည်းများဝယ်လျှင် အကြွေးဝယ်တတ်ပြီး ပစ္စည်းတန်ဖိုးများကို တော်တော်နှင့် ပြန်မပေးတတ်သဖြင့် ယခုကဲ့သို့ ဆိုင်ရှင်များက လန့်ပြီး သူတို့၏ဆိုင်ခန်းများကို အလျင်အမြန်ပိတ်နေကြခြင်း ဖြစ်သည်။

Until the end Where stories live. Discover now