Zawgyi
ရိပေါ်တစ်ယောက် အိပ်ဆောင်မဝင်သေးဘဲ မင်္ဂလာအိပ်ခန်းအရှေ့၌ တောင်ဘက်သို့လျှောက်လိုက် မြောက်ဘက်သို့လျှောက်လိုက်နှင့် နှုတ်မှလည်း တစ်စုံတစ်ရာ တီးတိုးပြောနေလေသည်။
ရိပေါ် တီးတိုးပြောနေသည်မှာ"ဘုရား... ဘုရား... ဒီညကနေ မြန်မြန်လွတ်မြောက်ပါစေ။ ဟိုရှောင်းမင်းသား အရင်အိပ်သွားနှင့်ရင်ကောင်းမယ်....။ ဒါဆိုရင် ငါလည်း ဒီညကို အသာလေးကုန်လွန်လို့ရတယ်။ မဟုတ်ရင် သူ့လက်ကလွတ်အောင် ကြံစည်ရဦးမှာ။ "
ရိရှန်းကလည်း သူ၏သခင်လေး သွားရာကို လိုက်ကြည့်ရင်း ခေါင်းနောက်နေလေပြီ။
"သခင်လေး ရိပေါ်... အိပ်ဆောင်မဝင်သေးဘဲနဲ့ ဘာလို့ တောင်လျှောက်လိုက် မြောက်လျှောက်လိုက် လုပ်နေတာလဲ။ သခင်လေးကို လိုက်ကြည့်ရင်း ရိရှန်း ခေါင်းတွေတောင်နောက်လာပြီ။ သခင်လေးရော.... ခေါင်းမမူးဘူးလား။ ဧကန္တ.... သခင်လေး ရှောင်းသခင်လေးကို လက်ထပ်လိုက်ရပြီမလို့ ပျော်နေတာမဟုတ်လား.....ဟိ.. ဟီး....:/)"
"အဟမ်း.. အဟမ်း.. မဟုတ်ပါဘူး။ လက်ထပ်လိုက်ရတာကို ငါကဘာလို့ပျော်ရမှာလဲ။ "
"ဟုတ်ပါတယ်..... သခင်လေးရယ်။.. သခင်လေး..ပျော်နေတာ မဟုတ်လား။ ရှက်မနေပါနဲ့တော့... သခင်လေးရယ်။ "
"မဟုတ်ပါဘူးဆိုမှ။ ရိရှန်း.... နင်ဟာလေ အဘွားကြီးကျနေတာပဲ။ တအားစကားများတာပဲ။ သွား... သွား...နင့်ဘာသာ နေခဲ့ချင်နေခဲ့။ ငါတော့သွားပြီ။ "
ရိရှန်းကို ပြောနေရင်း မင်္ဂလာအိပ်ခန်းအတွင်းသို့ ရိပေါ်တစ်ယောက် ကော့ကော့ ကော့ကော့နှင့် ဝင်သွားလေသည်။
"ဟာ... သခင်လေး... ရိရှန်းကိုစောင့်ပါဦး။ ရိရှန်း.. သခင်လေးအတွက် ပြင်ဆင်စရာလေးတွေ ပြင်ပေးရဦးမယ်။"
-----------------
ရိပေါ် အိပ်ဆောင်ထဲ ဝင်ခဲ့မိသည်ကိုပင် မှားပြီဟု ထင်မိသည်။ ရှောင်းမင်းသားက အခုထိ မအိပ်သေးပေ။ သူ့ ကိုယ်ရံတော်နဲ့ စကားပြောနေသေးသည်။ဟင်း... သူအိပ်ပြီ ထင်လို့ ငါကဝင်လာတာလေ။ သူက မအိပ်သေးတဲ့အပြင် စကားကောင်းနေသေးတယ်။ ဟူး... အခုတော့ ကိုယ့်အသက်ကို ကိုယ်ပြန်ကာကွယ်ရတော့မှာပဲ။
-----------------
"ကျွီ"