Zawgyi
"ဒီမှာ... ဒီမှာ... ရှင်တို့... ရိရှန်းရဲ့ သခင်လေးကို အနိုင်ကျင့်နေကြတာလား။ သခင်လေးကိုထိလို့ကတော့ ရိရှန်းနဲ့ တွေ့မယ် "
"ပေါက်ပေါက်ရှာရှာ... ကျွန်မတို့က ရှင့်သခင်လေးကို အနိုင်ကျင့်စရာလား။ ကျွန်မတို့ရုပ်ကကော အနိုင်ကျင့်နေတဲ့ရုပ်ပေါက်နေလို့လား။ ရှင့်သခင်လေးက မြင်းပေါ်ကနေ အရှိန်လွန်ပြီးကျလာလို့ ကျွန်မ သခင်လေးက နေမကောင်းတဲ့ကြားကနေ ကယ်ပေးထားတာကို။ "
"ဟင်... ဟုတ်လား သခင်လေး။ ဘယ်နားကို ထိခိုက်သွားသေးလဲ။ ဘယ်နားက နာနေလို့လဲ။ ရိရှန်းတောင်းပန်ပါတယ်။ ရိရှန်း ကောင်းကောင်းမစောင့်ရှောက်နိုင်လို့ သခင်လေးကို ထိခိုက်စေမိပြန်ပြီ။ အဟီး... ဟီး...sob..... :("
ဟု ရိရှန်းတစ်ယောက် ငိုနေရင်း သူ၏သခင်လေးကို ထိခိုက်မိသော နေရာရှိမရှိ လှည့်ပတ်ကြည့်နေပြန်သည်။
"ရိရှန်းရာ ငိုမနေစမ်းပါနဲ့။ နောက်ဆိုရင် နင့်ကိုစောင့်မယ်။ဟုတ်ပြီလား။ "
"ဟုတ်ကဲ့ သခင်လေး ရိရှန်း မငိုတော့ပါဘူး။... ဟိုလေ... ဒီဘက်က သခင်လေးနဲ့ အစ်မတို့ကို ရိရှန်း တောင်းပန်ပါတယ်။ ရိရှန်း သေသေချာချာ မသိဘဲနဲ့ ပြောခဲ့မိတယ်။ "
"ရပါတယ်ဗျာ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ကဲ... ရှောင်ရှန်း အချိန်မလင့်ခင် ငါတို့လည်း ဒုတိယမင်းသမီးအိမ်တော်ကိုပဲ သွားကြစို့။ "
"ဟုတ်ကဲ့ပါ သခင်လေး"
ရှောင်ရှန်းနှင့် သူ၏ သခင်လေးဖြစ်သူတို့ သူတို့၏ ရထားလုံးရှိရာသို့ ပြန်လှည့်လျှောက်ချိန်တွင် သူတို့၏ အနောက်မှ ထွက်ပေါ်လာသော မေးမြန်းသံ
"ဟိုလေ...စောစောက ဒုတိယမင်းသမီးလို့ပြောလိုက်တာလား။ စိတ်မရှိပါနဲ့။ ရိရှန်း တစ်ခုလောက်မေးပါရစေ။ ဒီက ရှောင်းတိုင်းပြည်ကနေ ဒုတိယမင်းသမီးကို လက်ထပ်ဖို့လာတဲ့ မင်းသားရှောင်းလား။ "
ရှောင်ရှန်းတို့နှစ်ယောက်လည်း ပြန်လှည့်လာပြီး
"ဟုတ်ပါတယ်။ ကျွန်မရဲ့ သခင်လေးက ရှောင်းမင်းသားပါ။"