Zawgyi
ရုတ်တရက်ပေါ်လာသော မျက်နှာကြောင့် ရိပေါ် လန့်သွားကာ နာမည်ခေါ်လိုက်မိသည်။
"ရွှန် (Sean)"
မိမိကိုရှေ့ထားပြီး မိမိနာမည်ကို မပြောဘဲ တခြားတစ်ယောက်ရဲ့ နာမည်ကိုပြောနေတာကြောင့် မကျေမနပ်ဖြစ်မိသည်။ ထို့ကြောင့် ပြန်မေးမိလိုက်သည့်အချိန်တွင်လည်း လေသံနည်းနည်းမာ မိသွားသည်။
"ရွှန် က ဘယ်သူလဲ။ "
ရိပေါ်... ရိပေါ်...မင်းတော့သေပြီ။ အစကတည်းက မျက်နှာချိုသွေးပြီး အဆိပ်ခတ်တာ မခံရအောင် နေနေရတာပါဆိုမှ မင်းကတော့ သူ့ရှေ့မှာ နာမည်တောင်မှားခေါ်နေသေးတယ်။ ဟိုဘက်ကလူက ဘယ်လိုလုပ် ငါ့ဝတ္ထုထဲကို ရောက်လာနိုင်မှာလဲ။ အဟမ်း... ငါကတော့ ခြွင်းချက်ပေါ့။
"အာ... ရွှန်း...။ ဟုတ်တယ်.. ရွှန်းလို့ပြောတာ။ အသိတစ်ယောက်ကို သတိရသွားလို့ပါ။ ဟဲ.. ဟဲ.. "
သေပြီပဲ ဝမ်ရိပေါ်ရေ။ မင်းဟာလေ ပါးစပ်ထဲရှိတာကောက်ပြောနေတာပဲ။ ငါပဲစိတ်ထင်နေတာလား။ ငါ့ရှေ့ကတစ်ယောက်ရဲ့ မျက်နှာက ကာလာတွေ စုံလာသလိုပဲ။
"ဪ.. ရွှန်း ဟုတ်လား။ ယောကျာ်းလေးလား မိန်းကလေးလား။ "
"မိန်းကလေးလေ...ဟုတ်တယ်နော် ရိရှန်း"
" ဟမ်... ဘာကိုလဲ သခင်လေး"
-----------------
"ရွှန် က ဘယ်သူလဲ"မင်းသားရှောင်းရဲ့ အမေးစကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှောင်ရှန်းရော ရိရှန်းပါ သူတို့ရောက်နေတဲ့ ပတ်ဝန်းကျင်က တဖြည်းဖြည်း အေးစိမ့်လာသလို ခံစားလာရသည်။
"အာ... ရွှန်း...။ ဟုတ်တယ်.. ရွှန်းလို့ပြောတာ။ အသိတစ်ယောက်ကို သတိရသွားလို့ပါ။ ဟဲ.. ဟဲ.. "
ဝမ်သခင်လေးရဲ့ စကားဆုံးသည်နှင့် ရှောင်ရှန်းတစ်ယောက် မိမိရဲ့သခင်ကို လှမ်းကြည့်လိုက်သည်။ မိမိသခင်ရဲ့ မျက်နှာအမူအရာကိုကြည့်ပြီး ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
"ဘာလို့ ရှာလကာရည်ပုလင်း မှောက်သွားတယ်လို့ ခံစားနေရတာလဲ"
"ရှာလကာရည် ပုလင်းမမှောက်ပါဘူး...ကိုယ်ရံတော်ကြီးကလည်း... ဘယ်လိုလုပ် ဒီလိုအခန်းထဲမှာ ရှာလကာရည် ပုလင်းက ရှိမှာတုန်း။ ရှိမယ့်ရှိ စားဖိုဆောင်မှာပဲ ရှိမှာပေါ့။ "