被遺忘的王子

5.5K 268 8
                                    


အောက်တွင်ပါရှိသည့် သမိုင်းအကြောင်းအရာများအားလုံးသည် စိတ်ကူးယဥ်သပ်သပ်သာဖြစ်သည်။

...................................................................................

ဟိုးရှေးရှေးတုန်းက တရုတ်နိုင်ငံမင်းဆက်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်သူ မင်းသားလေးတစ်ပါးဟာ သူ့ရဲ့ဖခင်မင်းကြီးနဲ့အတူ နန်းတော်ကြီးထဲမှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတယ်တဲ့။

မင်းသားလေးဟာ သူ့ရဲ့ဖခင်ဖြစ်သူ တိုင်းပြည်ရေးရာဆွေးနွေးချိန်တိုင်းမှာ ပေါင်ပေါ်ထိုင်လို့ ရင်ငွေ့ကြားဆော့ကစားလေ့ရှိတယ်။

တစ်ရက်မှာတော့ မင်းသားလေးအတွက် ပျော်ရွှင်ခြင်းအားလုံး ပျက်သုဥ်းသွားတော့တယ်။ အကြောင်းရင်းကတော့ ဖခင်ဖြစ်သူ နတ်ရွာစံခြင်းကြောင့်ပဲ။

ငယ်ရွယ်လွန်းတဲ့မင်းသားလေးအနေနဲ့ သူ သိတာကတော့ ဖခင်ဖြစ်သူဟာ သူ့ရှေ့မှာပဲ သွေးပွက်ပွက်အန်လို့ ဆုံးပါးသွားခဲ့တာဖြစ်တယ်။ လုပ်ကြံခြင်းလို့ မသိခဲ့ပင်မဲ့ပေါ့။

နယ်ချဲ့ဖက်ဆစ်တွေဟာ မင်းသားလေးကို ပညာသင်ကြားပေးပြီး စောင့်ရှောက်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဂျပန်နိုင်ငံကို အတင်းအဓမ္မခေါ်ဆောင်သွားတော့တယ်။ ဒီလိုနဲ့ တရုတ်ပြည်ကြီးရဲ့မင်းဆက်အာဏာဟာလည်း ကျူးကျော်သူတွေလက်ထဲ ကျရောက်သွားခဲ့တာပေါ့ကွယ်။

နောက်နှစ်ပေါင်းနှစ်ဆယ်ကြာတဲ့အခါ မျိုးချစ်စိတ်ဓာတ်ပြင်းထန်တဲ့ လူငယ်တစ်စုရဲ့ အသင်းဖွဲ့တော်လှန်မှုကြောင့် ဖက်ဆစ်ဂျပန်တွေဟာ လွတ်လပ်ရေးနဲ့အတူ အာဏာကိုပါ ပြန်လည်အပ်နှင်းခဲ့ရတော့တယ်။

ပြည်သူတွေဟာ အလွန်ကိုပျော်ရွှင်ကြတဲ့အတွက် တော်လှန်ရေးခေါင်းဆောင်လူငယ်နဲ့အဖွဲ့ကို အစိုးရအနေနဲ့ ဖွဲ့စည်းခွင့်ပြုလိုက်တယ်။

​တရုတ်နိုင်ငံရဲ့နန်းတွင်းနောက်ဆုံးသွေးစက်ဖြစ်တဲ့ မင်းသားလေးကိုတော့ ပြည်သူတွေဟာ သတိတရတောင်မရှိတော့ဘူး။ မင်းသားလေးဟာ အမေ့လျော့ခံအဖြစ်နဲ့ သေသည်အထိ ဇာတ်မြှုပ်နေခဲ့ရတော့တယ်တဲ့။

...................................................................................

1915 in Tokyo

Never Ending StoriesWhere stories live. Discover now