𝑨𝒓𝒄𝒂𝒏𝒆

1K 124 16
                                    

သန်းခေါင်အလယ် အထိတ်တလန့်နိုးထလာပြီးတဲ့နောက် ရှောင်းကျန့် သူ့ရဲ့မျက်လုံးတွေကို အိမ်နေရာအနှံ့ လိုက်ကြည့်နေမိတယ်။

ပြတင်းတံခါးတွေ ပိတ်ထားပေမဲ့ သူ့ခြေဖျားတွေ အေးနေတယ်။ စောင်ခြုံထားပေမဲ့ အဝတ်မပါတဲ့ကိုယ်ဟာ ချမ်းစိမ့်စိမ့်ဖြစ်နေတယ်။ ရှောင်းကျန့် သူ့ဘေးနားမှာ အိပ်နေတဲ့သူဆီ နီးနီးကပ်ကပ်တိုးလိုက်တယ်။ အဲ့ဒီလူမှာလည်း အဝတ်ပါမနေဘူး။ ဒါပေမဲ့ အသားချင်းထိမိသွားတဲ့အခါ နည်းနည်းနွေးသွားသလိုရှိတယ်။

"အိပ်မပျော်လို့လား"

ခပ်ဩဩအသံနဲ့ ထိုလူဟာ ရှောင်းကျန့်ကို အိပ်ချင်မူးတူးအသံနဲ့မေးလာတယ်။ အသံက တိုးနေတယ်။ ပြီးတော့ ခပ်လေးလေးလည်းဖြစ်နေတယ်။

ရှောင်းကျန့်က ပက်လက်နေတာကနေ ဘေးတစောင်းအိပ်လိုက်ပြီး သူ့ဘေးကတစ်ယောက်ကို ကြောင်စီစီမျက်ဝန်းတွေနဲ့ ကြည့်နေမိတယ်။ သူ့ဘေးနားက အမျိုးသားဟာလည်း ရှောင်းကျန့်ကို မျက်ပေတုန်းပုံစံနဲ့တစ်ချက်ကြည့်လိုက်ပြီးတာနဲ့ စားပွဲပေါ်ကဖုန်းကို ယူဖွင့်လိုက်တယ်။

"အစောကြီးရှိသေးတယ်"

သူ့ကိုယ်သူရေရွတ်သလိုနဲ့ ရှောင်းကျန့်ကို အိပ်ရာထဖို့စောနေသေးကြောင်း ပြောလာတယ်။ ရှောင်းကျန့် ထိုသူရဲ့လည်ပင်းနားထိ သူ့ခေါင်းကို တိုးသွားပြီးတာနဲ့ နားနားကိုကပ်ကာ စကားတစ်ခွန်းပြောလိုက်တယ်။

"ဝမ်ရိပေါ် ငါတို့ လုပ်ကြရအောင်"

ဝမ်ရိပေါ်က မျက်မှောင်တွေကြုံ့ပြီး ရှောင်းကျန့်ကို ကြည့်လာတယ်။ စောင်အောက်မှာ သူ့ရဲ့အပေါ်ပိုင်းဝမ်းဗိုက်ကြွက်သားတွေကို ပွတ်သပ်နေတဲ့ရှောင်းကျန့်ရဲ့လက်ကို ဆုတ်ကိုင်လိုက်တယ်။

"ငါ စိတ်မပါဘူး"

ဒီစကားကို ပြောပြီးတာနဲ့ ချက်ချင်းပဲ ရှောင်းကျန့်ရဲ့လက်ကို တွန်းထုတ်လိုက်ပြီး တစ်ဖက်လှည့်သွားတော့တယ်။ ရှောင်းကျန့်က သူ့ကိုဒီလိုတွေပြောလာပေမဲ့ စိတ်ဆိုးသွားဟန်မရှိဘူး။ အဲ့ဒီအစား ခပ်ရွဲ့ရွဲ့အပြုံးလေးကိုသာ ပြုံးလာတယ်။

Never Ending StoriesHikayelerin yaşadığı yer. Şimdi keşfedin