Gaze (Zawgyi )

411 42 5
                                    

တောက်...တောက်...တောက်...တောက်

ဘောပင်ထိပ်ကို စားပွဲနဲ့ခေါက်နေပေမဲ့ စကားပြောသံတွေ ဆူညံသံတွေကြောင့် ဝမ်ရိပေါ်ဘေးနားမှာ ထိုင်နေတဲ့အတန်းဖော်တောင် ကြားရမှာမဟုတ်ဘူး။

နောက်ဆုံးချိန်ဖြစ်တာနဲ့အညီ ကျောင်းဆင်းတော့မှာမို့လို့ အတန်းထဲမှာ ဆရာမတောင်မရှိတော့ဘူး။ နည်းနည်း သွက်သွက်လက်လက်ရှိတဲ့ကျောင်းသားအနည်းငယ်ဟာ အတန်းရှေ့က ကျောက်သင်ပုန်းရှေ့မှာ ရပ်နေပြီး ဟေးလားဝါးလားလုပ်နေကြတယ်။

အတန်းရဲ့အနောက်ဘက်တံခါးနားမှာ ထိုင်နေတဲ့ဝမ်ရိပေါ်အဖို့ တစ်တန်းလုံးကို မြင်ကွင်းရှင်းစွာနဲ့ ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်။ စကားများနေကြတဲ့ကောင်မလေးတွေ ၊ ဂျပန်အန်နီမေးရှင်းအကြောင်းပြောနေကြတဲ့ကျောင်းသားတွေ ၊ ကျောက်သင်ပုန်းမှာ ဆရာမရေးထားခဲ့တဲ့စာတွေကို ဖျက်လိုက်ပြီး ပေါက်ကရပုံတွေဆွဲနေတဲ့ကျောင်းသားတွေ....အကုန်လုံးကို ဝမ်ရိပေါ်က တစ်ချက်ကြည့်လိုက်တယ်။

ပြီးတာနဲ့ အတန်းရဲ့အလယ်ရိုးလ်မှာ ထိုင်နေတဲ့ခပ်ကုတ်ကုတ်ကျောပြင်ငယ်လေးဆီ ရောက်သွားတော့တယ်။ ကျောင်းဆင်းခါနီးနေပေမဲ့ စာအုပ်ကို မသိမ်းသေးဘူး။ ခဲတံတစ်ချောင်းနဲ့ တစ်ခုခုကို ရေးခြစ်နေတယ်။ သူ့ဘေးနားမှာထိုင်နေတဲ့ကျောင်းသားလေးကတော့ အနောက်တန်းကယောက်ျားလေးတစ်ယောက်နဲ့ စကားပြောနေတယ်။

"ဟေ့...ဝမ်ရိပေါ် ၊ ဘာတွေကို အဲ့လောက်ကြည့်နေတာလဲ"

ကောင်လေးတစ်ယောက်က ဝမ်ရိပေါ်ရဲ့ပခုံးကိုလာဖက်ပြီးတာနဲ့ ဝမ်ရိပေါ်ရဲ့ခေါင်းဘေးမှာ သူ့ခေါင်းကိုကပ်လိုက်ပြီး ဝမ်ရိပေါ်ကြည့်နေတဲ့လားရာကို ရှိုးလိုက်တယ်။

"အိုး...အို့...အိုး ဝမ်ရိပေါ်"

"မင်း ရှောင်းကျန့်ကို..."

သူ့နာမည်ကိုကြားလိုက်ရသလိုမျိုး ရှောင်းကျန့်က အနောက်ဘက်တွေဆီ ခေါင်းလေးလှည့်လာတယ်။ ဟိုကြည့်ဒီကြည့်လုပ်နေပြီး နှာရိုးပေါ်ကမျက်မှန်လေးကို တစ်ချက်ပင့်တင်ပြီးတာနဲ့ အရှေ့ပြန်လှည့်သွားပြန်တယ်။

Never Ending StoriesWhere stories live. Discover now