21 is still young

1.1K 163 0
                                    

ကော်ရစ်တာကို ဖြတ်လျှောက်လာရင်းနဲ့ ရှောင်းကျန့် နံရံမှာကပ်ထားတဲ့ပိုစတာတွေကို လိုက်ကြည့်နေမိတယ်။ ဆေးကြော်ငြာတွေပါသလို တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်ပြီး ရှင်းပြထားတာတွေကို ကပ်လို့ထားတယ်။

"အန်တီတို့တွေလည်း ဘယ်လိုမှမနိုင်တော့တာနဲ့ ဝန်ထမ်းသစ်ခေါ်လိုက်ရတော့တယ်"

ဆေးရုံဝတ်စုံတွေလိုမျိုး အပြာရောင်ဝတ်စုံဝတ်ထားတဲ့အန်တီကြီးက ရှေ့ကသွားနေရင်းကနေ နောက်လှည့်လို့ပြောလာတယ်။

"ပြီးရင် အန်တီတို့လုပ်တဲ့ပုံစံတွေ ကြည့်ထားပေါ့ ၊ နောက်ဆို မင်းတစ်ယောက်တည်းပဲ လုပ်ရတော့မှာ"

ရှောင်းကျန့်မှာ အပြင်ဝတ်စုံနဲ့ပဲရှိသေးတယ်။ အလုပ်ဝင်တာ ပထမဆုံးနေ့ဖြစ်နေတာကြောင့် ရှောင်းကျန့် အနည်းငယ်စိတ်လှုပ်ရှားနေမိသေးတယ်။ ပခုံးမှာစလွယ်သိုင်းထားတဲ့လွယ်အိတ်ကြိုးကို လက်နှစ်ဖက်နဲ့ ခပ်တင်းတင်းကိုင်ထားမိတယ်။

အခန်းတစ်ခန်းရှေ့အရောက်မှာ အန်တီကြီးရော သူရော ရပ်လိုက်ကြတယ်။ အန်တီကြီးက တံခါးပေါ်ကမှန်ပေါက်လေးကနေ အထဲကိုလှမ်းကြည့်တော့ ရှောင်းကျန့်ပါ လိုက်ကြည့်မိတယ်။

"အခုတော့ အိပ်နေတယ်"

အန်တီကြီးရဲ့စကားနောက်မှာ ရှောင်းကျန့် ခြေတစ်လှမ်းတိုးလို့ အခန်းထဲကို ကြည့်မိတယ်။ မှောင်မဲနေတာမျိုးမဟုတ်ဘဲ လေဝင်လေထွက်ကောင်းမွန်စွာနဲ့ အခန်းကို ဖွဲ့စည်းထားတယ်။ ကုတင်ပေါ်မှာတော့ လူတစ်ယောက်က တံခါးဘက်ကိုကျောပေးလို့ လဲလျောင်းနေတယ်။

"လာ.... ၊ တစ်ခြားနေရာတွေ လိုက်ပြမယ်"

"ဟုတ်ကဲ့ပါဗျ"

ယဥ်ကျေးစွာပြောလာတဲ့ရှောင်းကျန့်ကြောင့် အန်တီကြီးက တစ်ချက်မော့ကြည့်ပြီး ပြုံးပြလာတယ်။ ရှောင်းကျန့်ကတော့ အခန်းထဲကိုတစ်ချက်ပြန်လှည့်ကြည့်ပြီးတာနဲ့ အန်တီကြီးနောက်က လိုက်ရတော့တာပဲ။

"အမြဲအချိန်ပေးနေရတာမျိုးတော့မဟုတ်ပါဘူး"

အန်တီကြီးက ရှောင်းကျန့်ကို တစ်ချက်လှမ်းကြည့်တယ်။

Never Ending StoriesDonde viven las historias. Descúbrelo ahora