Wrong Time

821 120 1
                                    

စိတ်လှုပ်ရှားနေမှုက ထိန်းမရ။ ဂနာမငြိမ်ဖြစ်နေလောက်မဲ့အကြည့်တွေကို ထိန်းချုပ်ဖို့အတွက် မျက်လုံးကို အောက်ချထားမိတယ်။ ပြောင်လက်နေတဲ့ရူးဖိနပ်ထိပ်တစ်စုံကို မြင်နေရတယ်။

နည်းနည်းလေး အကြည့်ရွေ့လိုက်မယ်ဆိုရင် နောက်ထပ်ဖိနပ်တစ်စုံကို မြင်ရလိမ့်မယ်။ အင်္ကျီအသစ်မို့ထင်....ဆိုင်တွေမှာ သုံးနေကျ ဆပ်ပြာမှုန့်အနံ့လေးကို ရှောင်းကျန့် သူ့ရဲ့ကုတ်အင်္ကျီအမည်းကနေ ရနေတယ်။

လေအေးပေးစက်ကလာနေတဲ့ အေးစက်စက်လေထုကြောင့် လက်ဖျားတွေပူနွေးဖို့အတွက် လက်ချောင်းတွေနဲ့ ဆုတ်ချေနေမိတယ်။ အေးစိမ့်နေမှု ပြေပျောက်လို ပြေပျောက်ငြား။

ယှဥ်တွဲလို့ရပ်နေတဲ့ထိုလူ့ဆီကနေ ရှောင်းကျန့် ရေမွှေးနံ့သင်းသင်းလေးကို ရနေတယ်။ လက်ချောင်းတွေကို ယှက်တွဲလာတဲ့လက်ဖဝါးကြီးကြီးတစ်ဖက်။

ရှောင်းကျန့်ရဲ့မျက်တောင်တွေ လှုပ်ခါသွားတယ်။

လက်ဖဝါးကို အသာဆုပ်ကိုင်လို့ ထိုသူဟာ သူ့ရဲ့လက်မောင်းမှာ တွဲညင်စေတယ်။ လှည့်ကြည့်လာတဲ့မျက်ဝန်းတစ်စုံကတော့ စူးရှရှ။ အကြည့်မခံနိုင်စွာနဲ့ ရှောင်းကျန့် မီးရောင်တွေ တဖျပ်ဖျပ် လက်နေတဲ့ကင်မရာဆီကိုပဲ ကြည့်လိုက်တော့တယ်။

ကတိသစ္စာပြုပြီးတဲ့နောက် ပန်းတွေနဲ့အလှဆင်ထားတဲ့စင်ရှေ့မှာ သူတို့နှစ်ယောက်တည်းရပ်လို့ ဓာတ်ပုံရိုက်နေရတယ်။

"ညီလေးက အနောက်မှာရပ်လိုက်"

ကင်မရာမန်းရဲ့စကားကို ထိုသူက ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ရှောင်းကျန့်ရဲ့အနောက်မှာ ဝင်ရပ်လေတယ်။

"အနောက်ကနေဖက်ပြီး လက်ကိုအုပ်ကိုင်ထားလိုက်"

အမူအရာတစ်ချို့ကို သင်နေတဲ့ကင်မရာသမားက ရှေ့မင်္ဂလာပွဲတွေတုန်းကလည်း ဒီလိုပဲလုပ်ခိုင်းခဲ့တယ်နဲ့တူတယ်။

သိုင်းဖက်လာတဲ့အခါ နွေးသွားတဲ့ကျောပြင်တစ်စုံ။ ဘေးမှာရပ်နေစဥ်ကထက် ပိုသင်းလာတဲ့ရေမွှေးနံ့။ ရှောင်းကျန့်ရဲ့ရင်ထဲ ကယောက်ကယက်နဲ့။

Never Ending StoriesDonde viven las historias. Descúbrelo ahora