[ Unicode ]
In Class,"Yeonjun Hyung ထပ်ပီးအိပ်ပြန်ပီလား" Beomgyu ကသူ့ဘေးမှာထိုင်နေတဲ့ Hyunjin အား အရှေ့က စာသင်နေတဲ့ ဆရာ မကြားအောင် တိုးတိုးလေးမေးလိုက်သည်။
"omm သူလဲ ပင်ပန်းနေမှာပေါ့ အမြဲတမ်း အချိန်ပိုင်းအလုပ်တွေနဲ့ ပြည့်နေတာဆိုတော့ သူ့ဘာသူအိပ်ပါစေ " Hyunjin က တိုးတိုးလေး ပြန်ဖြေလိုက်သည်။
( Yeonjun က အချိန်ပိုင်းအလုပ်လုပ်ပီး သူ့ကျောင်းဖိုးနဲ့ အိမ်လခကို သူကိုယ်တိုင်ရှာနေရတာကြောင့် သူ့အတွက်အိပ်ချိန်သိပ်မရှိတာကြောင့် ပင်ပန်းတဲ့ဒဏ်နဲ့ အတန်းထဲရောက်တိုင်း အိပ်နေခြင်းဖစ်သည်။ )
Lunch Time,
"Yeon ah...ထတော့ ငါတို့မုန့်သွားစားကြရအောင်" Hyunjin က သူ့ဘေးကခုံမှာ ခေါင်းကို လက်မောင်းလေးနဲ့ခုပီး ကလေးလေးလို အပြစ်ကင်းစင်တဲ့ ရုပ်လေးနဲ့ အိပ်ပျော်နေတဲ့ Yeonjun ပါးလေးကို ပုတ်၍ နိူးလိုက်သည်။
"ဟမ်...lunch timeတောင် ရောက်သွားပီလား" Yeonjun တစ်ယောက် အကျောဆန့်လိုက်ပီး သူ့မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ ပွတ်ပီး မေးလိုက်သည်။
"ဟုတ်တယ် Hyung လာ ထ မုန့်သွားစားမယ်" Beomgyu ကဖြေလိုက်သည်။
"Gyuတို့ နှစ်ယောက်ပဲ သွားစားတော့ Hyung ဗိုက်မဆာသေးလို့ " Yeonjun က ပြန်ဖြေလိုက်သည်။
( Yeonjun တစ်ယောက် အခန်းခအတွက် ပိုက်ဆံအလုံအလောက်မရှိတာကြောင့် သူ့သူငယ်ချင်းတွေအား လိမ်ပီး ပြောလိုက်ခြင်းဖစ်သည်။)
"Yeon...ပိုက်ဆံကြောင့်လား စိတ်မပူနဲ့ ငါဝယ်ကျွေးမယ် ဟုတ်ပီလား " Hyunjin က Yeonjun ပုခုံးအားဖက်ပီး ပြောလိုက်သည်။
"ဟုတ်တယ် Hyung စားချင်တာသာပြော Gyu တို့ဝယ်ကျွေးမယ် Hyung အကူအညီလိုလဲပြောနော် Gyuတို့ အကုန်ကူညီပေးမယ် " Beomgyu က ပြောသည်။
"Gumawo ...Gyuတို့နှစ်ယောက်သာ မရှိရင် Hyung တော့ ဘာမှလုပ်လို့ရမယ်မထင်ဘူး" Yeonjun တစ်ယောက် မျက်ရည်လေးဝဲပီး ပြန်ဖြေလေသည်။
"ကဲ ဒါဆိုလဲ ထ မုန့်သွားစားမယ်" Hyunjin က Yeonjun လက်မောင်းကို ဆွဲလိုက်ပီး မတ်တက်ရပ်ခိုင်းလေသည်။
နောက်တော့ သုံးယောက်သား Canteenသို့ သွားကြလေသည်။