[ Unicode ]In the morning,
အခန်းပြတင်းပေါက်ကနေ နေရောင်က ဖြာကျလာပီး ငှက်ကလေးတွေရဲ့ အသံလေးတွေ ကြားနေရသည်....
ဒီနေ့က Soobin နဲ့ Yeonjun နားရက်ဖစ်တာကြောင့် နှစ်ယောက်သား အိပ်ရာပေါ်မှာ ပွေ့ဖက်ပီး အိပ်ပျော်နေကြသည်။
Soobin အိပ်ရာနိုးလာတော့ သူ့ခါးကိုဖက်ပီး ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ Yeonjun အား ကြည့်လိုက်သည်။ သူ့babe ခေါင်းလေးက သူ့ရင်ဘက်ကိုဖိထားပီး ပါးမို့မို့လေးက ဖောင်းနေသည်။ စိုစွတ်ပီး ရဲနေတဲ့ နူတ်ခမ်းဖူးလေးကလဲ ဆူထွက်နေပီး ဟောက်သံသေးသေးလေးကြားနေသည်။ Yeonjun လက်သေးသေးတွေက Soobin ခါးကို တင်းနေအောင်ဖက်ထားပီး အိပ်ပျော်နေတဲ့ ပုံလေးက အရမ်းချစ်ဖို့ကောင်းတာကြောင့် Soobin အောက်ငုံ့ပီး Yeonjun ခေါင်းလေးအား နမ်းလိုက်သည်။ Yeonjun ခန္ဓာကိုယ်လေးက နဲနဲလူပ်လာပီး ခေါင်းလေးထောင်ပီး Soobin အား အိပ်ချင်မူးတူးဖြင့် ကြည့်လိုက်သည်။ Yeonjun ပန်းရောင်ဆံပင်လေးတွေ ရူပ်ပွနေတဲ့ပုံလေးက puppyလေးနဲ့ တူတာကြောင့် Soobin တစ်ယောက် အသဲယားပီး နဖူးလေးအား နမ်းလိုက်သည်။" Good morning Babe " Soobin တစ်ယောက် Yeonjun ရဲ့ messy hairလေးတွေကို ပွတ်သတ်ပေးရင်း ပါးချိုင့်ပေါ်တဲ့အထိ ပြုံးပြလိုက်သည်။
" Morning Binnie~ " Yeonjun Soobin ရဲ့ပါးလေးတစ်ဖက်ကို နမ်းလိုက်ပီး အိပ်ချင်မူးတူးအသံဖြင့် ပြောလိုက်သည်။
"Babe -" Soobin အိပ်ယာ ထမလို့လုပ်နေတုန်း Yeonjun က သူ့ကိုအတင်းဖက်ထားပီး ပြန်အိပ်မလို့လုပ်နေသည်။
"5 mins Binnie ~" Yeonjun Soobin ကိုဖက်ပီး ပြန်အိပ်နေသည်။
Soobin လဲ ခေါင်းငြိမ့်ပီး သူ့ရင်ခွင်ထဲမှာ ပြန်အိပ်နေတဲ့ Yeonjun ရဲ့ ပျော့ပျောင်းနူးညံ့တဲ့ဆံပင်လေးတွေကို ပွတ်သတ်ပေးနေသည်။
5 mins later,
" Babe ...5 mins ပြည့်ပီ ထတော့ "*Warrr* Yeonjun Soobin ရင်ခွင်ထဲမှထွက်ပီး အကျောဆန့်ပီး သန်းလိုက်သည်။ Yeonjun ဆံပင်လေးရူပ်ပွနေပီး မျက်လုံးလေးတွေကို သူ့လက်သေးသေးလေးတွေဖြင့် ပွတ်သတ်ပီး အိပ်ယာပေါ်မှာ ထိုင်နေသည်။
Soobin တစ်ယောက်ကတော့ သူ့babeသေးသေးလေးအား အိပ်ယာဘေးကနေ ရပ်ပီး အပြုံးလေးနဲ့ ကြည့်နေသည်။