[ Unicode ]
Soobin နဲ့ Yeonjun တို့လဲ အပန်းဖြေအိမ်သို့ ရောက်လာကြပီး ညပိုင်းရောက်တော့ Yeonjun,Beomgyu နဲ့ Hyunjin တို့ ဘွဲ့ရတဲ့ အထိမ်းအမှတ်အနေနဲ့ သူတို့အကုန်လုံး ပါတီ ကျင်းပကြတော့သည်။
ခြံဝန်းကျယ်ကြီးထဲမှာ ပါတီလုပ်ကြလေသည်။ Yeonjun နဲ့ Beomgyu က အသားတွေ ကင်နေကြပီး Seungmin ကတော့ ကင်မ်ချီဟင်းရည် ချက်နေသည်။
သောက်စရာတွေကိုတော့ Soobinနဲ့Hyunjin က တာဝန်ယူပီး Kai နဲ့ Taehyun တို့ကတော့ ပါတီအတွက် စားပွဲ ထိုင်ခုံ စသဖြင့် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေကြသည်။Soobin နဲ့ Hyunjin တို့ သောက်စရာတွေ ဝယ်လာပီး ပြန်ရောက်လာတော့ Taehyun နဲ့ Kaiကလဲ ပြင်ဆင်ပီးသွားတာကြောင့် သူတို့တွေ ထိုင်ခုံမှာ ထိုင်လိုက်ကြပီး Cola, Soju နဲ့ Beer သောက်ရင်း စကားပြောနေကြသည်။ စကားပြောနေကြရင်း ရုတ်တရက်ဆိုသလို အေးလာတာကြောင့် Soobin တစ်ယောက် သူ့Yeonလေးကို စိတ်ပူတာကြောင့် သူ့ဆီသို့ သွားလိုက်လေသည်။ ထို့နောက် Yeonjun ခါးလေးအား အနောက်ကနေ ဝင်ဖက်လိုက်သည်။
"Binnie~ ဒီမှာ Yeon အလုပ်လုပ်နေတယ်လေဗျာ "
"ကိုယ့် Yeonလေး အေးနေမှာဆိုးလို့ ကိုယ် ဖက်ထားပေးတာလေ " Soobin Yeonjun ပုခုံးပေါ်မေးလေးတင်ထားပီး ပြောလိုက်သည်။
" ဒါမဲ့ Binnie ဖက်ထားတော့ Yeon အသားကင်နေရတာ အဆင်မပြေဘူးလေ~"
Soobin တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်ပီး Yeonjunအား သူဝတ်ထားတဲ့ အနွေးထည်လေး ခြုံပေးလိုက်သည်။
"ကဲ ဒါဆို ရပီလား Babe "
Soobin Yeonjun ဘေးနားရပ်ပီး ပြောလိုက်သည်။"အွန်းးးးး Binnie Gumawo ~💋"
Yeonjun Soobin နူတ်ခမ်းလေးအား peck kiss ပေးလိုက်သည်။Soobin မျက်နှာလေး ပါးချိုင့်လေးနက်နေအောင် ပြုံးသွားပီး သူ့Yeonလေးအား ကြည့်နေရင်း Yeonjun လက်အိတ်မဝတ်ဘဲ အသားကင်နေတာကို တွေ့သွားတော့သည်။
"Babe ဘာလို့ လက်အိတ်မဝတ်ထားတာလဲကွာ "
" ဒီတိုင်းကင်လဲ ဘာမှမဖစ်ပါဘူး Binnie ကလဲ "
"ဒါမဲ့ ကိုယ့်Yeon လက်လေး တစ်ခုခုဖစ်သွားရင် ဘယ်လိုလုပ်မလဲ
နေပါအုံး ကိုယ် လက်အိတ်သွားယူလိုက်အုံးမယ် ခနစောင့် "
Yeonjun တားချိန်တောင်မရလိုက်ဘဲ Soobin တစ်ယောက် လက်အိတ်သွားယူလေသည်။
