[ Unicode ]
သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေတွေနဲ့အတူ Soobin တစ်ယောက် Yeonjun အား လမ်းမပေါ်မှာ ပြေးလွှားနေရင်း လိုက်ရှာနေမိသည်။ လမ်းမပေါ်မှာ လူတစ်ချို့နဲ့ တိုက်မိပေမဲ့ တောင်းပန်ဖို့ကိုတောင် အာရုံမစိုက်နိုင်ဘဲ သူချစ်ရတဲ့ကောင်လေးတစ်ယောက်အား အသည်းအသန်ရှာဖွေနေသည်။ ပတ်ဝန်းကျင်က တဖြည်းဖြည်း မှောင်ဝင်စပျိုးလာပီး ရာသီဥတုကလဲ သည်းထန်စွာရွာသွန်းနေတဲ့မိုးကြောင့် ပို၍ပင် အုံ့မိုင်းနေပီး မိုးခြိမ်းသံတွေနဲ့ အလွန်ကြက်သီးထစရာကောင်းလွန်းလှသည်။
ညဉ့်မနက်ခင် သူ့ရဲ့ကောင်လေး တခုခုဖစ်မှာကို စိုးရိမ်ပူပန်နေတာကြောင့် Yeonjun အန္တရာယ်ကင်းပါစေ ဟု စိတ်ထဲကနေ ဆုတောင်းနေမိသည်။
မိုးအရမ်းသည်းလာတာကြောင့် သူ့တစ်ကိုယ်လုံး စိုရွှဲနေပီး အပေါ်ထပ်ဝတ်ထားသော သူ့ရဲ့black long coat အား ချွတ်လိုက်၍ လက်ထဲ ဆုပ်ကိုင်ထားလိုက်သည်။ Soobin တစ်ကိုယ်လုံး ရေစိုရွဲနေတာကြောင့် ရေတွေနဲ့ အတူ သူ့ရဲ့white shirt လေး ကိုယ်နဲ့ကပ်နေပီး abs တွေနဲ့ ကြည့်ကောင်းတဲ့ body အား မြင်နေ ရသည်။ လက်ထဲ long coat ကို ဆုပ်ကိုင်ထား၍ မိုးရေထဲ ထီးမပါဘဲ ပြေးနေတဲ့ပုံမှာ ဆွဲဆောင်မူရှိလွန်းတာကြောင့် လူတကာက သူ့အား ငေးကြည့်နေကြသည်။ ဘာအတွက်ကြောင့် အခုလိုပြေးနေမှန်း မသိကြပေမဲ့ Soobin ရဲ့ ဆွဲဆောင်မူကြောင့် လမ်းပေါ်ကလူတိုင်း ရဲ့ အကြည့်တွေက Soobinဆီသို့ ရောက်နေကြသည်။
သို့သော် Soobin ခမျာတော့ ဘယ်သူ့ကိုမှ အာရုံမစိုက်နိုင်ဘဲ ခေါင်းထဲမှာကော နှလုံးသားထဲမှာပါ Yeonjun တစ်ယောက်ထဲကိုပဲ ရှိနေတာကြောင့် Yeonjun အား အသည်းအသန်ရှာဖွေနေရင်း.............
နောက်ဆုံးမှာတော့ သူချစ်ရတဲ့ကောင်လေးရဲ့ နောက်ကျောပြင်လေးအား မြင်လိုက်ရတာကြောင့် Soobin စိတ်အေးသွား၍ Yeonjun ဆီသို့ ပြေးသွားပီး သူ့ရဲ့Yeon နာမည်လေးအား ခေါ်လိုက်သည်။
"Yeo- " Soobin တစ်ယောက် သူချစ်ရတဲ့ကောင်လေးနာမည်ကိုတောင် အပြည့်အစုံမခေါ်လိုက်နိုင်ဘဲ
သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်......
Hyunjin တစ်ယောက် သူအပြင်ကနေ အိမ်ကို ပြန်လာနေရင်း ရုတ်တရက် မိုးတွေအရမ်းသည်းလာပီး ပတ်ဝန်းကျင်ကလဲ မှောင်နေတာကြောင့် ဆိုင်ကယ်ကို ဂရုတစိုက်မောင်းနေရင်း သူ့မြင်ကွင်းထဲသို့ အရမ်းရင်းနှီးနေတဲ့ နောက်ကျောကို မြင်လိုက်ရသည်။ ထိုတစ်ယောက်က Yeonjun နဲ့အရမ်းဆင်နေပီး အခုလို မိုးသည်းနေတဲ့အချိန် တစ်ယောက်ထဲ ထီးမပါပဲ လျှောက်သွားနေတာကြောင့် Hyunjin တစ်ယောက် စိတ်ပူသွား၍ ဆိုင်ကယ်မောင်းနေရာမှ ရပ်လိုက်ပီး Yeonjun ဆီသို့ ပြေးသွားလိုက်သည်။