𝙵𝚘𝚞𝚛𝚝𝚎𝚎𝚗

578 46 25
                                    

[ Unicode ]

In The Morning ,

Yeonjun သူ့သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ ချိန်းထားတာကြောင့် အိပ်ယာထပီး အကျောဆန့်၍ သူ့ဘေးနားကို ကြည့်လိုက်တော့ Soobin ရှိမနေပေ ။ Yeonjun လဲ Soobin အောက်ထပ်မှာ မနက်စာပြင်နေမှန်းသိနေတာကြောင့် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ အိပ်ယာထခါစဖစ်သောကြောင့် ဆံပင်တွေလဲ ရူပ်ပွနေပီး မျက်လုံးမပွင့်တပွင့်နဲ့ နူတ်ခမ်းဆူပီး ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ အမြင်အာရုံဝေဝေဝါးဝါးနဲ့ သွားတိုက်ပီး မျက်နှာသစ်၍ မှန်ကို ကြည့်လိုက်တော့ သူ့လည်တိုင်နဲ့ ညှပ်ရိုးတစ်လျှောက် ညိုမဲမဲအမှတ်အသားတွေ အများကြီးတွေ့လိုက်ရတာကြောင့် လန့်ပီး ထအော်မိလေသည်။

အားးးးး!!!!

အောက်ထပ်မှာ မနက်စာလုပ်နေတဲ့ Soobin လဲ သူ့Yeonအသံကြားတော့ စိတ်ပူမိပီး အပေါ်ထပ်သို့ပြေးတက်သွားတော့သည်။ အိပ်ခန်းထဲ Yeonjun ရှိမနေတာကြောင့် ရေချိုးခန်းထဲမှာ အော်တာ ဖစ်မည်ဟု မှတ်ယူ၍ ရေချိုးခန်းထဲသို့ Soobin ပြေးဝင်သွားလေသည်။ မှန်ရှေ့မှာ လည်ပင်းအား လိုက်စမ်းပီး ကြည့်နေတဲ့ Yeonjun ရဲ့အနောက်မှာ ရပ်ပီး ခါးလေးဖက်၍ မေးလိုက်သည်။

"Babe...ဘာဖစ်လို့လဲ "

Soobin သူ့ခါးလာဖက်နေတာနဲ့ Yeonjun အနောက်သို့ လည့်ပီး Soobin နဲ့ မျက်နှာချင်းနေ၍ Soobin အား အကြည့်ဆူးဆူးဖြင့် ကြည့်လိုက်လေသည်။

Soobin တစ်ယောက်ကတော့ နားမလည်တဲ့ မျက်လုံးတွေဖြင့် သူ့babeအား ပြန်ကြည့်နေလေသည်။ ထို့နောက် သူ့ရင်ဘက်ပေါ်သို့ Yeonjunရဲ့ လက်တွေရောက်လာပီး ရင်ဘက်အား ထုတော့လေသည်။

"Choi Soobin!!!ဘာလို့ ဒီလောက်အများကြီး အမှတ်အသားပေးရတာလဲ ဒီနေ့ Yeon Hyunjin တို့နဲ့ အပြင်သွားမလို့ဟာ ခင်ဗျားကြီး ဒီလိုလုပ်ထားတော့ ဘယ်လိုသွားရမှာလဲ !!!" Yeonjun တစ်ယောက် Soobin အား နူတ်ခမ်းထော်ပီး ဆူနေ၍ လက်တွေကလဲ Soobin ရင်ဘက်အား အဆက်အပြတ်ထုနေလေသည်။

Soobin ကတော့ ဘာမှမပြောနိုင်ဘဲ ချစ်ဖို့ကောင်းနေတဲ့ သူ့Yeonလေးအား ငုံ့ကြည့်ပီး ရယ်နေသည်။

"ဟမ်...ခင်ဗျားက Yeon ကို ဒီလိုလုပ်ထားပီး ရယ်တယ်ပေါ့လေ ဟုတ်လား Choi Soobin!!!"
Yeonjun တစ်ယောက် သူ့လည်ပင်းက အမှတ်အသားတွေကို လက်ညိုးထိုးပြပီး
ဒေါသထွက်၍ Soobin နားရွက်အား ဆွဲလိမ်လိုက်သည်။
(Soobin ဆီမှာ Absတွေရှိနေတာကြောင့် ဗိုက်ဆွဲမလိမ်ဘဲ နားရွက်ကိုပဲ ဆွဲလိမ်လိုက်သည်။ )

You are my MuseWhere stories live. Discover now