[ Unicode ]
မနက်အစောပိုင်းမှာတင် Hyunjin ရဲ့Dormဆီသို့ Seungmin ရောက်လာပီး သူ့တံခါး bell မြည်သံတာကြောင့် Hyunjin အိပ်ယာမှထ၍ ညကမူးနေတဲ့ဒဏ်နဲ့ ခေါင်းတွေမူးနေတာကြောင့် ယိုင်တိုင်ယိုင်တိုင်နဲ့ တံခါးဖွင့်ပေးလိုက်သည်။
Seungminလဲ အထဲသို့ ဝင်သွားလိုက်လေသည်။
"CEO သက်သာရဲ့လားဗျ""ခေါင်းနဲနဲတော့မူးနေတယ် " Hyunjin ကလဲ သူ့နားထင်အား လက်ဖြင့်ပွတ်ပီး ပြန်ဖြေလေသည်။
" CEO သက်သာသွားအောင် ကျွန်တော် အမူးပြေဟင်းရည်လေး လုပ်လာတယ် CEO မျက်နှာအရင်သွားသစ်လိုက်ပါလား ကျွန်တော် ဟင်းရည်လေးနွေးထားလိုက်မယ်လေ "
Seungminက သူထင်ထားသလိုလူမျိုး မဟုတ်ဘဲ သဘောကောင်းတဲ့ လူတစ်ယောက်ဖစ်နေတာကြောင့် Hyunjin အံ့ဩမိသွားသည်။
"အွန်း ဒါနဲ့ CEOလို့ မခေါ်ပါနဲ့ Hyunjin လို့ပဲ ခေါ်ပါ "
"အာ...ဒါမဲ့ ကျွန်တော့် CEOကို အဲ့လို-"
"ရပါတယ် CEOက တမျိုးကြီးဖစ်နေသေးလို့ Hyunjin လို့ပဲ ခေါ်ပါ ကျွန်တော်တို့က အသက်ရွယ်တူလောက်ပဲထင်တယ် "
"ကျွန်တော်က 22ပါ H-Hyunjin ထက် တစ်နှစ်ကြီးပါတယ် "
"အော် ဒါဆို Hyung ပေါ့ ကျွန်တော်တို့ ပိုပီးရင်းနှီးသွားအောင် အဲ့လိုပဲ ခေါ်မယ်နော် Hyung "
Seungmin လဲ လက်လျော့လိုက်ပီး Hyunjin ပြောတဲ့အတိုင်း သဘောတူလိုက်လေသည်။
"Nae Hyunjin ပြောတဲ့အတိုင်းပဲ ခေါ်ကြတာပေါ့ "
"အွန်း ဒါဆို ကျွန်တော် မျက်နှာသစ်လိုက်အုံးမယ်နော် Hyung "
Hyunjin လဲ bathroom ထဲ ဝင်သွားပီး Seungmin တစ်ယောက်ကတော့ kitchen ဘက်သွား၍ ဟင်းရည်အား နွေးလိုက်လေသည်။10mins later
Hyunjin လဲ Bathroomထဲမှ ထွက်လာပီး အဝတ်အစားရွေးနေတုန်း သူ့ဆီသို့ ဖုန်းဝင်လာသည်။
Call IDက ဘယ်သူမှန်းမသိပေမဲ့ ဖုန်းကို ကိုင်လိုက်တော့ Soobin ဖစ်နေလေသည်။
Soobin က သူ့အား တွေ့ဖို့ ချိန်းလိုက်တာကြောင့် Hyunjin ဘာကိစ္စများဖစ်မလဲ ဆိုပီး တွေးနေပေမဲ့ Soobin ချိန်းတာကို လက်ခံလိုက်ပီး ဖုန်းချလိုက်လေသည်။
Hyunjin အဝတ်အစားလဲပီးသွားတော့ Kitchen ဘက်သွားလိုက်ပီး Seungmin လုပ်ပေးတဲ့ ဟင်းရည်အား သောက်လိုက်လေသည်။
အကုန်သောက်ပီးသွားတော့ နှစ်ယောက်သား Seungmin ကားဆီသို့ သွားကြပီး Seungmin က Hyunjin အား ကုမ္ပဏီသို့ ခေါ်မလို့လုပ်ပေမဲ့ Hyunjin က တွေ့စရာလူတစ်ယောက်ရှိသေးတယ်ပြောပီး Seungmin အား Soobin ချိန်းထားတဲ့cafeဆီသို့ လိုက်ပို့ခိုင်းလေသည်။
Cafeကိုရောက်တော့ Seungmin အား ကားထဲမှာပဲ စောင့်ခိုင်းပီး Hyunjin တစ်ယောက် Cafeထဲသို့ ဝင်သွားလိုက်သ ည်။
အထဲကို လည့်ပတ်ရှာနေရင်း Soobin သူ့အားခေါ်သံကြောင့် Soobin ကိုတွေ့သွားပီး သူ့အရှေ့သို့ ဝင်ထိုင်လိုက်လေသည်။
