[ Unicode ]
Soobin မိဘအမှုမှာ ပါဝင်ပတ်သတ်နေသော Driverအား ရှာဖွေနေဆဲဖစ်တာကြောင့် Soobinကို အဓိက တရားခံအဖြစ် သတ်မှတ်ထားပေမဲ့ သက်သေမရှိသေးတာကြောင့် ရဲတွေ Driverအား စုံစမ်းရှာဖွေနေကြသည်။ စုံထောက်တွေကလဲ Soobin အား အမှုအကြောင်း စစ်ဆေးမေးမြန်းကြသည်။ နောက်ပီး Soobin အား အမှုစစ်ဆေးမေးမြန်းပီးနောက်မှာတော့ Soobin ကို ယာယီအချုပ်ခန်းထဲထည့်ထားကြလေသည်။
ဒီနေ့ကတော့ Soobin အချုပ်ခန်းထဲရောက်နေတာ သုံးရက်မြောက်နေ့ပင်ဖြစ်သည်။ နှစ်ရက်လုံး သူဆီသို့ Yeonjun နဲ့ သူ့အကိုဖစ်တဲ့Woobin , Taehyun တို့ တစ်ယောက်မှ သူ့ဆီသို့ မရောက်လာတာကြောင့် တစ်ခုခုများဖစ်နေမလားဆိုပီး Soobin စိတ်ပူပန်မိသည်။
အခန်းထဲမှာပဲ ထိုင်နေရင်း သူ့Yeon လေးအကြောင်းကို စဉ်းစားပီး အဆင်ကောပြေနေရဲ့လား ဆိုပီး တွေးနေမိသည်။ သူ့Yeonလေးအသက်ကို ကယ်ခဲ့တဲ့ Kaiကိုလဲ စိတ်ပူနေမိသည်။ Choi Junghoရဲ့ သတင်းတွေလဲ မကြားတာကြောင့် သူ့ရဲ့အစီအစဉ်တွေ မအောင်မြင်ခဲ့ဘူးလား ဆိုပီး တွေးနေပြန်သည်။
Flashback,
Soobin Choi Junghoနဲ့ ဖုန်းဆက်ပီးနောက်ပိုင်း သူ့Yeonလေးကို သွားကယ်ဖို့ သွားနေတုန်း လမ်းမှာ Taehyun အား ဖုန်းဆက်လိုက်သည်။
"Hello Hyungnim "
"Taehyun ငါ မင်းကို အရေးကြီးပြောစရာရှိတယ် မင်း အခုချက်ချင်း ရဲစခန်းကို appa ရဲ့အတွင်းရေးမှူး ကို ခေါ်သွားလိုက် အဲ့ကိုရောက်ရင် သူ့ကို အဖြစ်မှန်တွေအားလုံး ဝန်ခံခိုင်းလိုက် "
" Hyungnim အဖြစ်မှန်အကုန်လုံးဆို ရဲတွေက တစ်ခုချင်းဆီ လိုက်ပီး မေးမြန်းရင်း Hyungnim တရားမဝင်စုံစမ်းထားတာတွေပါ အကုန်ပါသွားမှာလေ ကျွန်တော် သူ့ကို Hyungnim မိဘကို သတ်တဲ့အမူမှာ ပတ်သက်ပီး အမှုရဲ့ အဓိက တရားခံက ဟိုအဖိုးကြီးပဲ လို့ ပြောပြခိုင်းလိုက်မယ် အကုန်လုံးပြောခိုင်းရင် Hyungလဲ မလွှတ်လောက်ဘူး ကိစ္စတွေရူပ်သွားလိမ့်မယ် "
"Taehyun ငါမှာတဲ့အတိုင်းပဲ လုပ် ငါလုပ်ထားတဲ့အပြစ်အတွက် ပြန်ပီး ပေးဆပ်ရမှာပဲ အဲ့တော့ အခု ချက်ချင်း ဟိုကောင်ကို ရဲစခန်းသွားပို့လိုက်တော့ ငါတို့ရဲ့အစီအစဉ်က Choi Jungho ထောင်ထဲရောက်အောင် ပို့ဖို့ပဲ "
