[ Unicode ]
" Choi Soobin ....Yeon တို့ လမ်းခွဲကြရအောင် "
အမှန်တိုင်းပြောရရင် Soobin က တောင်ကိုရီးယားရဲ့ အငယ်ဆုံး CEO တစ်ယောက် သူ့မှာ နောက်ထပ်တက်လှမ်းရမဲ့ ခြေလှမ်းတွေအများကြီးရှိသေးတယ် ပီးတော့ သူက အရမ်းpopular ဖစ်ပီး အရည်အချင်းတွေအများကြီးရှိတယ် Soobin က သူ့appa Company ကို တခြားသော သူ့ထက်ဝါရင့်ပီး လုပ်ငန်းကျွမ်းကျင်တဲ့Business man တွေနဲ့ အပြိုင် အသက်ငယ်ငယ်လေးနဲ့ နေ့ရောညပါ ကြိုးစားပီး Top 1 ဖစ်အောင် လုပ်ခဲ့ရတာကြောင့် Yeonjun က သူ့အတွက်နဲ့ Soobin ရဲ့ ရည်မှန်းချက်ကို မပျက်စီးချင်ပေ။ ပီးတော့ သူတို့နိုင်ငံက တောင်ကိုရီးယားဖစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ relationship က Soobin ရဲ့လုပ်ငန်းတင်မက personal ကိုပါ ထိခိုက်စေနိုင်တာကို Yeonjun မလိုလားပေ။ Yeonjun က သူဟာ မိဘမဲ့တစ်ယောက် ဘဝကို ပင်ပင်ပန်းပန်းနဲ့ကြိုးစားပီး အသက်ရှင်နေရတဲ့သူ ဒါပေမဲ့ ရုတ်တရက် သူ့ဘဝထဲ Soobin ဝင်လာတဲ့နောက်ပိုင်း သူ့ဘဝဟာ တောက်ပလာခဲ့တယ် အရင်လို ပင်ပင်ပန်းပန်းနဲ့အချိန်ပိုင်းအလုပ်တွေလုပ်စရာမလိုဘဲ စာကိုပဲ လေ့လာဖို့အချိန်တွေအများကြီးရလာတယ် Soobin ကလဲ သူ့ကို Princess တစ်ပါးလိုပဲ ဆက်ဆံပေးတယ် ဂရုစိုက်ပေးတယ် Yeonjun တစ်ခါမှ ဒီလိုမျိုး နေရဖို့ အိပ်မက်တောင်မမက်ခဲ့ဖူးပေမဲ့ Soobin ကြောင့် အခုလိုမျိုး နေရတဲ့အတွက် Soobin က Yeonjun အတွက် ချစ်သူပင်မဟုတ်ဘဲ အသက်သခင်ကျေးဇူးရှင် ဟုတောင် ပြောလို့ရသည်။ ဒါကြောင့် Yeonjun သေချာတွေးတောပီး Soobin နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
Soobin တစ်ယောက် သူမကြားချင်ဆုံးစကားကိုကြားလိုက်ရတာကြောင့် အံ့ဩသွားပီး ခြေတစ်လှမ်းနောက်ဆုတ်၍ ပါးပြင်ပေါ်ကနေ မျက်ရည်များ တဖြည်းဖြည်းချင်းဆီ ကျဆင်းလာပီး Yeonjun အား မသွားပါနဲ့ ဆိုတဲ့အကြည့်တွေနဲ့ ကြည့်နေလေသည်။
Soobin ရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေရယ် Soobin သူ့ကို တားနေတဲ့ မျက်ဝန်းတွေကြောင့် Yeonjun ရင်ထဲ နာကျင်ခံစားနေရပီး စိတ်မကောင်းဖစ်နေသည်။ Yeonjun Soobin ကို တင်းနေအောင် ဖက်ထားချင်ပေမဲ့လဲ အဲ့လိုလုပ်ရင် အဆင်မပြေတာကြောင့် စိတ်တင်းပီး လျစ်လျူရူနိုင်အောင် ကြိုးစားလိုက်သည်။
