𝒮𝓊𝓅𝓇𝒾𝓈𝑒!!!!!
[ Unicode ]
In the morning,
Soobin အိပ်ယာထတဲ့အချိန် သူ့ဘေးနားမှာ Yeonjun ရှိမနေတာကြောင့် Yeonjun မနက်စာ ပြင်ဆင်နေမည် ဟု ယူဆလိုက်ပီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ ညက အိပ်မက်ဟု ထင်ရလောက်အောင် Yeonjun က သူနဲ့တူတူ အိပ်တာကြောင့် Soobin မယုံနိုင်ဖစ်နေသည်။ ဒါမဲ့ အိပ်မက်မဟုတ်ဘဲ အပြင်မှာ တကယ်ဖစ်နေမှန်းသိတော့ Soobin တစ်ယောက် သဘောကျနေသည်။ Soobin ရေချိုးပီးသွားတော့ White shirtနဲ့ black sweatpants ဝတ်ပီး သူ့babyကို တွေ့ဖို့ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
ဟော...တွေ့ပါပီ သူ့baby Yeonnieလေး မီးဖိုချောင်မှာ မနက်စာအတွက် ဟင်းတွေချက်နေသည်။ ညတုန်းက ဝတ်ထားတဲ့အတိုင်း Soobin Hoodie ကြီးနဲ့ ဟင်းချက်နေတဲ့ပုံကို ကြည့်ပီး Soobin တစ်ယောက် တံခါးနားကနေ အသဲယားနေသည်။ Yeonjun ရဲ့ ပေါင်တံဖွေးဖွေးလေးတွေက သွယ်သွယ်လေးနဲ့ မိန်းကလေးတစ်ယောက်ဟုပင် အထင်မှားရလောက်သည်။ သူ့ရဲ့ပန်းရောင် mullet hairလေးကို ကြိုးဖြင့် စည်းထားသည်။ နူတ်ခမ်းဖူးရဲရဲလေးက ဆူထွက်နေပီး ဟင်းရည်ပူပူကို ဖူးဖူးမူတ်၍ မြည်းကြည့်နေပုံလေးက ချစ်ဖို့ကောင်းတာကြောင့် Soobin တစ်ယောက် စိတ်မထိန်းနိုင်ဘဲ Yeonjun မသိအောင် ဖြည်းဖြည်းချင်းချည်းကပ်၍ အနောက်ကနေ ဖက်လိုက်ပီး Yeonjun ရဲ့ ဆံပင်လေးအား နမ်းရိူက်လိုက်သည်။ Soobin Yeonjun ရဲ့ Shampoo ရနံ့သင်းသင်းလေးရတာကြောင့် ပြုံးမိသည်။ Soobin တစ်ယောက် အသိမပေးဘဲ ရုတ်တရက် အနောက်ကနေ ဖက်လိုက်တာကြောင့် Yeonjun လန့်သွားပီး သူ့ခန္ဓာကိုယ်လေး အနည်းငယ်တုန်တက်သွားသည်။ နောက်တော့ Soobin မှန်းသိတာကြောင့် Soobin နဲ့ မျက်နှာချင်းဆိုင် ဖစ်အောင် လှည့်လိုက်သည်။ သူတို့နှစ်ယောက် မျက်နှာက နီးကပ်နေပီး Soobin လက်က အခုထိ Yeonjun ရဲ့ခါးလေးအား ဖက်ထားသည်။ Yeonjun ပါးဖောင်းဖောင်းလေး နှစ်ဖက်က ပန်းနုရောင်ပီး ရှက်နေတာကြောင့် Soobin Yeonjun ရဲ့ ပါးလေးတစ်ဖက်အား နမ်းလိုက်ပီး လွှတ်ပေးလိုက်သည်။
"S-Soobin shi မနက်စာ အဆင်သင့်ဖစ်နေပီ မလို့ စား-စားလို့ရပီ " Yeonjun နူတ်ခမ်းထော်ပီး စကားထစ်နေတာလေးကို ကြည့်ပီး Soobin အသဲယားနေတာကြောင့် Yeonjun ပါးလေးနှစ်ဖက်အား ဆွဲညစ်လိုက်သည်။
