[ Unicode ]
Yeonjun တစ်ယောက် အိမ်ထဲဝင်မလို့လုပ်တုန်း မူးလဲသွားတာကြောင့် Soobin နဲ့ Kaiတို့နှစ်ယောက်လုံး အံ့ဩသွားကြပီး Yeonjunဆီသို့ ပြေးသွားကြသည်။ Yeonjun နဲ့ပိုနီးတဲ့ Kaiက Yeonjun ခန္ဓာကိုယ်လေး ကြမ်းပြင်ပေါ်မရောက်ခင် အမှီဖမ်းလိုက်သည်။ Soobin ကလဲ ကားတစ်ဖက်ခြမ်းကနေ ပြေးလာပီး Kai ရင်ခွင်ထဲမှ Yeonjun ခန္ဓာကိုယ်ကို ယူပီး သူ့ရင်ခွင်ထဲ ထည့်ထားလိုက်၍ Yeonjun ပါးလေးအား လူပ်ရူပ်ပီး အော်ခေါ်နေမိသည်။
"Babe !!! Yeon သတိထားပါအုံး " Yeonjun နှာခေါင်းရှေ့နား လက်ညိုးထားကြည့်တော့ အသက်ရှူနေသေးတာကြောင့် Soobin ချက်ချင်းပဲ Yeonjun ရဲ့ အားပျော့နေတဲ့ ခန္ဓာကိုယ်လေးအား bridal style မချီ၍ သူ့အခန်းထဲသို့ ခေါ်သွားလိုက်သည်။
အခန်းထဲရောက်တော့ အိပ်ယာပေါ်မှာ အသာအယာ တင်ပေးလိုက်ပီး Soobin သူ့အကိုဖစ်တဲ့ Doctor Seokjin
အား ဖုန်းဆက်လိုက်သည်။"Hello Soobin ah...မင်းကောင်လေးရတာတောင် င့ကို-"
"H-Hyung အခုချက်ချင်း ကျွန်တော့်အိမ်လာပေးပါ Yeonnie မူးလဲသွားလို့ "
Seokjin စကားအား ဖြတ်လိုက်ပီး Soobin ပြောလိုက်သည်။"ဟမ်...ဟုတ်လား Hyung အခုလာခဲ့မယ် Soobin သူ့အတွက် သက်တောင့်သက်သာဖစ်မဲ့ အဝတ်အစားမျိုး လဲပေးထားလိုက် " Seokjin တစ်ယောက် ခပ်မြန်မြန်ပဲ ပြောလိုက်ပီး ဖုန်းချက်ချင်းချလိုက်သည်။
Soobin သူ့အကိုနဲ့ ဖုန်းပြောပီးသွားတော့ Yeonjun သက်တောင့်သက်သာဖစ်သွားအောင် Soobin တစ်ယောက် သူ့ရဲ့ oversized white shirt နဲ့ sweatpant ကို လဲပေးလိုက်သည်။
Soobin တစ်ယောက် အခုချိန်မှာ ခုနကသတင်းစာရှင်းလင်းပွဲထက် အဆပေါင်းများစွာ စိုးရိမ်နေပီး ကြောက်ရွံ့နေမိသည်။ Soobin အိပ်ယာပေါ်မှာ လှဲနေတဲ့ Yeonjun ဘေးမှာ ဝင်ထိုင်လိုက်ပီး Yeonjun ရဲ့ နဖူးပေါ်ကျနေတဲ့ ဆံပင်လေးအား သပ်တင်ပေးနေသည်။
Soobin Yeonjun ကို ကြည့်နေတဲ့ အကြည့်ထဲမှာ စိုးရိမ်မူတွေ ဝမ်းနည်းမူတွေ အများကြီးပါနေတာကို Kaiတစ်ယောက် တွေ့တာကြောင့် Soobin ရဲ့အနား သို့ သွားလိုက်သည်။"Hyung စိတ်မပူပါနဲ့ Yeonjun သက်သာလာမှာပါ "
Kaiလဲ ပြောပီး အခန်းထဲသို့ Seokjin တစ်ယောက် ပြေးဝင်လာသည်။
"Soobin!!" Seokjin တစ်ယောက် အော်ပီး အိပ်ယာနားသို့ သွားလိုက်သည်။
Seokjin လာတာ မြင်တော့ Soobin တစ်ယောက် မျက်ရည်တွေနဲ့ Seokjin ရဲ့လက်တစ်ဖက်အား ဆွဲပီး အကူအညီတောင်းလေသည်။
