𝓔𝓵𝓮𝓿𝓮𝓷

509 49 10
                                    

[ Unicode ]

3 Months later ,

အချိန်တွေ ကြာလာတော့ အခုချိန်မှာ Yeonjun နဲ့ Soobin တို့ကို ဝေဖန်ပြစ်တင်တဲ့သူတွေ နည်းသည်ထက် နည်းလာပီး သူတို့နှစ်ယောက်ရဲ့ Relationship ကို လူအများက support ပေးတာကြောင့် သူတို့နှစ်ယောက် Relationship က ပို၍ပင် ခိုင်မာလာပီး တောင်ကိုးရီးယားရဲ့ romantic ဆန်ပီး ချစ်စရာကောင်းတဲ့ popular Gay Couple ဖစ်လာတော့သည်။ နောက်ပီး သူတို့အတွဲကို support ပေးကြတဲ့ fan တွေလဲ ပေါ်လာပီး တခြားနာမည်ကြီး K pop Idol တချို့ကပါ သူတို့ကို ဝိုင်းပီး support ပေးလာကြသည်။ သူတို့နှစ်ယောက်က တောင်ကိုရီးယား မှာ ပထမဆုံး popular ဖစ်တဲ့ gay couple ဖစ်ပီး Soobin ရဲ့ ခန့်ညားချောမောတဲ့ မျက်နှာ , ကြည့်ကောင်းပီး perfect ဖစ်နေတဲ့ body , လူတကာအားကျလောက်တဲ့ အရပ်အမောင်း ပိုင်ဆိုင်ထားပီး Yeonjun ရဲ့ ချောမောလှပတဲ့ မျက်နှာ ,မိန်းကလေးများ အားကျရလောက်တဲ့ စိုစွတ်ပီး ချယ်ရီရောင်သန်းနေသော နူတ်ခမ်းဖူးလေးတစ်စုံ , body သေးသေးသွယ်သွယ်လေး နဲ့ ခြေတံရှည်ရှည် ပိုင်ဆိုင်ထားပီး model တွေ အရူံးပေးရလောက်တဲ့ fashion style တွေ တခါတလေ သူ့ရဲ့ Giant Bunnyကြီးကို ချစ်စရာကောင်းတဲ့ageyo အပြုအမူတွေကြောင့် တစ်ကမ္ဘာလုံးက LGBT ကို support ပေးကြတဲ့ သူတော်တော်များများကလဲ သူတို့အတွဲကို အရမ်းချစ်ကြတာကြောင့် သူတို့shipper nameလေးကို Yeonbin ဟု ခေါ်ကြပီး support ပေးကြလေသည်။

Yeonjun တစ်ယောက် အရင်ကတော့ သူ့ကို လူတွေ ဝေဖန်ပြစ်တင်ပြောကြမှာကို ကြောက်နေခဲ့ပေမဲ့ သူ့ဘေးက Hyunjin နဲ့ Beomgyu တို့က စောင့်ရှောက်ကာကွယ်ပေးတာကြောင့် သူ့အတွက် အင်အားဖစ်စေသည်။ အခုတော့ သူ့ရဲ့uniမှာလဲ သူတို့အတွဲကို support ပေးကြတဲ့ fan လေးတွေ ရှိလာတာကြောင့် ဘယ်သူမှ သူ့ကို ဝေဖန်ပြစ်တင် ပီး မပြောရဲကြတော့ပေ ။

အခု Yeonjun ရဲ့ အတန်းချိန် ပီးပီ ဖစ်တာကြောင့် သူ့ရဲ့ ပစ္စည်းတွေ သိမ်းပီး လွယ်အိတ်ထဲ ထည့်၍ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူ စကားပြောပီး အဆောင်အောက်သို့ ဆင်းသွားကြလေသည်။

အဆောင်အောက်ရောက်တော့ Kai က သူ့ရဲ့ကားနဲ့ Yeonjun ကို စောင့်နေတာ မြင်တော့ Yeonjun တစ်ယောက် သူ့သူငယ်ချင်းတွေအား နူတ်ဆက်လိုက်လေသည်။

You are my MuseWhere stories live. Discover now