[ Unicode ]
Yeonjun တစ်ယောက် အခု Soobin နဲ့တူတူ မနက်စာ စားနေကြသည်။ သို့သော် ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။ Soobin တစ်ယောက် မနေ့ညက ကိစ္စကို ဘာမှမဖစ်သလိုနေပီး အေးအေးဆေးဆေး မနက်စာစားနေပေမဲ့ Yeonjun မှာတော့ အတွေးပေါင်းစုံဖြင့် မနက်စာမစားဘဲ နူတ်ခမ်းဆူ၍ Soobin အား ကြည့်နေသည်။
( Yeonjun's pov - ဘာလဲ သူက ညတုန်းက kissပေးတာကို မေ့နေတာလား ဘာလို့ ဘာမှမဖစ်သလိုနေနေရတာလဲ ဒါမှမဟုတ် ငါကပဲ အတွေးတွေလွန်နေတာလား arr...စိတ်ညစ်လာပီ Choi Soobin ခင်များက နားလည်ရခက်တဲ့ လူတစ်ယောက်ပါလား )
Yeonjun တစ်ယောက် မနက်စာမစားဘဲ နူတ်ခမ်းဆူပီး စိတ်ကောက်သလိုဖစ်နေတာကို Soobin တစ်ယောက် သတိထားမိသည်။
"Yeonjun...မနက်စာမစားဘူးလား မင်း ခနနေရင် ကျောင်းသွားရမဲ့ဟာ "
( Yeonjun's pov - ကို့ဘာသာကိုယ် စားချင်စားမှာပေါ့ သူနဲ့လဲမဆိုင်ဘဲနဲ့ လာဂရုစိုက်နေသေးတယ် ဟွန့် )
လက်တွေ့မှာတော့
" nae Soobin shi စားမှာပါ ^^"မနက်စာ စားလို့ပီးသွားတော့ Soobin တစ်ယောက် သူ့အခန်းထဲက အိတ်ရယ် ကားသော့ရယ် ယူပီး အောက်ထပ်သို့ဆင်းလာသည်။ အောက်ထပ်မှာ Yeonjun က ရပ်နေပီး Soobin အားစောင့်နေသည်။
"Soobin shi...ကျွန်တော် ဒီည အိမ်ပြန်နောက်ကျလို့ရလား ကျွန်တော်အပြင်သွားစရာလေးရှိလို့ "
" ရတယ်လေ ကိုယ်လဲ အလုပ်ကိစ္စရှိသေးလို့ နည်းနည်းနောက်ကျလိမ့်မယ် "
" nae Soobin shi ကျေးဇူးတင်ပါတယ်ဗျာ အော် ခဏ "
Yeonjun အရှေ့ကို တိုးလာပီး Soobin ရဲ့နက်ခ်တိုင်အား ပြင်ပေးလိုက်သည်။
"ရပီ Soobin ရဲ့နက်ခ်တိုင်က အမြဲစောင်းနေတာပဲ တကယ်လို့ Soobin အဆင်ပြေရင် နောက်ဆို ကျွန်တော်ပဲ လုပ်ပေးရမလား "
Yeonjun စကားကြောင့် Soobin တစ်ယောက် ဘာမှမပြောဘဲ သူ့ရှေ့က အကောင်သေးသေးလေးYeonjun အား ကြည့်နေသည်။
Yeonjun လဲ Soobin တစ်ယောက် ဘာမှပြန်မပြောတာကြောင့် သူပဲ ပြန်ပြောလိုက်သည်။
" Soobin shi အဆင်မပြေ—"
" အဲ့လိုအဆင်မပြေစရာမရှိပါဘူး မင်း ကိုယ့်ရဲ့ နက်ခ်တိုင်ကို လုပ်ပေးလို့ရတယ် " Yeonjun စကားမဆုံးသေးခင် Soobin ပြန်ဖြေလိုက်သည်။
Yeonjun စကားကို Soobin တစ်ယောက်ငြင်းလိမ့်မယ်လို့ထင်ပေမဲ့ လက်ခံလိုက်တာကြောင့် Yeonjun တစ်ယောက်ပျော်သွားပီး Soobin အား နူတ်ဆက်လိုက်သည်။
"ကောင်းကောင်းသွားနော် Soobin shi"
" omm ကိုယ်သွားပီ Yeonnie " Soobin တစ်ယောက် Yeonjun ရဲ့နဖူးလေးအား နမ်းလိုက်ပီး ထွက်သွားလေသည်။