နှောင်ကြိုး (Part- 2)

3.7K 237 4
                                    

(Unicode)

"ဟျောင့်... ငါ့စာအုပ် ယူမလား..."

ထိုးပေးလာသော စာအုပ်လေးနှင့်အတူ စာအုပ်ပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ရှေ့ဆုံးတန်းက Tomboyပိစိလေး ဖြစ်လို့နေသည်။ ခါတိုင်းလိုပဲ ကိုယ့်ကို ပြုံးပြနေပေမယ့် ဒီတစ်ခါအပြုံးက ခါတိုင်းထက် ပို၍ တောက်ပနေသလို ရှိသည်။ ဒီတစ်ခါတော့ ခြူးဝေခက်တို့ မချေနိုင်တော့သလို ဟန်လည်းမဆောင်နိုင်တော့ပေ...။ ကျောင်းတက်ချိန်ကလည်း တဖြည်းဖြည်း နီးလာတာကြောင့် သူ့စာအုပ်ကို ဝမ်းသာအားရ ဆွဲယူရင်း တစ်ခါထဲကူးရေးဖို့ ပြင်လိုက်တော့သည်။

"ယူမှာပေါ့ကွ... ကျေးဇူးပဲနော် ဟျောင့်..."

ကျေးဇူးတင်စကား ပြောပြီးတာနဲ့ ဒုံးကျည်လက်ရေးကဲ့သို့ပင် အမြန်ကူးရေးတော့သည်။ စိတ်ထဲမှာလည်း ကိုယ်စာကူးတာထိုင်စောင့်နေသည့် ဘေးကtomboyလေးကို ကျေးဇူးရှင်ဟု သတ်မှတ်ရင်းပေါ့...။ ခဏအကြာမှာတော့ စာကူးလို့ပြီးသွားတာကြောင့် ခြူးဝေခက်တစ်ယောက် သွားထပ်လေးတွေပေါ်တဲ့အထိ ပြုံးပြရင်း ထပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သေးသည်...။

"ကျေးဇူးနော် ဟျောင့်... ငါကလည်း အိမ်စာဆိုရင် လုပ်ရမှာပျင်းတာနဲ့ မပြီးတာကများနေတာ 😁 .."

"ရပါတယ်ကွာ... နောက်ခါ လိုအပ်ရင်လည်း ငါ့ဆီစာအုပ်လာငှားပေါ့..."

"အေးအေး...
ဒါနဲ့ ငါ စာမပြီးသေးတာ မင်း ဘယ်လိုလုပ်သိတာလဲ... မင်းက ရှေ့ဆုံးတန်းမှာလေ... "

"ဒီတိုင်းပါပဲကွာ... ငါလည်း နောက်လှည့်ကြည့်ရင်း မင်း ပျာယာခတ်နေတာတွေ့လို့..."

"အေးပါ... "

ထိုအချိန်မှာပဲ ကျောင်းတက်ဘဲလ်တီးသံကြောင့် သွယ်သွယ်ဖြူဆိုတဲ့ Tomboyလေးလည်း အရှေ့တန်းသို့ ပြန်ရောက်သွားတော့သည်။ မကြာခင်မှာပဲ သချာ်ဆရာမဝင်လာတာကြောင့် အားလုံးလည်း ငြိမ်ကျသွားကြသည်။ ထို့နောက်တော့ ထုံးစံအတိုင်း အရှေ့တန်းက မိန်းကလေးအချို့၏ ဆော်သြသတိပေးမူကြောင့် ဆရာမလည်း အိမ်စာပေးလိုက်သည့်တွက်စာများကို လိုက်စစ်တော့သည်။ ဒီတစ်ခါတော့ ရှေ့တန်းကပိစိလေးရဲ့ ကျေးဇူးကြောင့် ခြူးဝေခက်တို့ အရိုက်ခံလွတ်သွားရသည်။ ထို့နောက်တော့ မိနစ်လက်တံလေး တစ်ရွေ့ရွေ့လှုပ်ရှားနေရင်း စာသင်ချိန်တစ်ချိန် ပြီးဆုံးသွားရသည်။

နှောင်ကြိုးWhere stories live. Discover now