နှောင်ကြိုး (Part - 20)

2.2K 179 18
                                    

(Unicode)

အစည်းဝေးခန်းမထဲရှိ ပေါင်းစုံသော အင်ဂျင်နီယာတို့မှာ Projector ရှေ့ရှိ CEO ထံမှ စကားလုံးတစ်ချို့ကို မျှော်လင့်နေကြသည်။ ထိုအချိန်မှာပဲ CEOသည် အပြုံးတစ်ခုဖြစ်ပေါ်လာရင်း..

"Congratulation ပါ.. ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမူကို Alrosa Company က လက်ခံလိုက်ပါပြီ.. နောက်အပတ် Monday မှာ ဒီရောက်မယ် ပြောပါတယ်.. ပြီးတော့ ဝမ်းသာစရာတစ်ခုက ဒီလာမယ့် ပညာရှင်က မြန်မာလူမျိုးပါပဲတဲ့.. ကျွန်တော်တို့အတွက် သိပ်ကိုအားရစရာပဲပေါ့ဗျာ.. ကဲ.. ရှေ့ဆက် အတူလက်တွဲပြီး ကြိုးစားကြရအောင်လား.."

CEO ရဲ့ စကားအဆုံးမှာ အားလုံးဟာ လက်ခုပ်သံတဖြောင်းဖြောင်း ဆူညံသွားသည်အထိ လက်ခုပ် တီးကြတော့သည်။ Alrosa Company မှ Confirm ဖြစ်ဖို့ဆိုတာ သိပ် လွယ်ကူတဲ့အရာမဟုတ်ပေ။ အကယ်၍များ ကမ်းလှမ်းမူကို ငြင်းပယ်ခဲ့ရင် တစ်ခြားCompanyသို့ ထပ်ဆက်သွယ်ရဦးပေမည်။ အခုတော့ အရာအားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။

ဇင်ဝေဖူးမှာ ခြူးက ကြိုမပြော​ပြထားတာကြောင့် CEO ရဲ့ စကားအဆုံးမှာတင် သိပ်ကို ပျော်ရွှင်သွားရသည်။ မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းလေးနဲ့ အလုပ်အတူ တွဲလုပ်ရတော့ပေမည်။ ထို့ထက် ဖူးနဲ့ရွှန်းလတ်တို့ ကြိုတင်တိုင်ပင်ထားသည့်အတိုင်း သွယ်ဖြူနဲ့ ပြန်ပြီးအဆင်ပြေအောင် ဘေးကနေ ဖေးမပေးဖို့ပင်။

အားလုံးဟာ ပျော်ရွှင်ပြီး တစ်ယောက်နဲ့တစ်ယောက် တီးတိုးရေရွတ်ကာ ဝမ်းသာကြောင်းပြောနေကြပေမယ့် ပျော်သလို ဝမ်းနည်းသလိုနဲ့ ဆိတ်ငြိမ်နေသည်က သွယ်သွယ်ဖြူပင် ဖြစ်သည်။ CEOရဲ့ စကားအရဆိုရင် ထိုသူမှာ ခြူးဝေခက်ဆိုတာ ဧကန်မလွဲပင်။ မကြာခင် မျက်နှာချင်းဆိုင် တွေ့ရတော့မည်ဆိုတဲ့ အတွေးက သိပ်ကို ရင်ခုန်ဖွယ်ကောင်းလှသည်။ ထိုအချိန်ရောက်လာခဲ့ရင် သွယ်ဖြူ ဘယ်လိုနေ၍ ဘယ်လိုဆက်ဆံရမည်နည်း။ သူ့ဘက်ကရော် အရင်လို မာနတွေထားပြီး တင်းမာနေဦးမည်လား။ သို့မဟုတ် ကိုယ့်ကို့မြင်တာနဲ့ ပွေ့ဖက်လေမလား။ ဒါကတော့ သွယ်ဖြူ အရဲစွန့်ပြီး တွေးလိုက်မိခြင်းပါ။ ခြူးဆိုတာ ဟိုးအရင် ကလေးဘဝထဲက စကားများရင် အခေါ်ပြောမလုပ်တော့ဘဲ ကိုယ့်ဘက်ကသာ စ၍ ခေါ်ပြောခဲ့ရသူ မဟုတ်လား။ ဒီတစ်ကြိမ်မှာလည်း သွယ်ဖြူ ထိုသို့ပဲ ကိုယ့်ဘက်စပြီး သွား၍နှုတ်ဆက်ရမလားဆိုတာ မသဲကွဲတော့ပါ။ သေချာတာတစ်ခုကတော့ ကွဲကွာနေရတဲ့ ၇နှစ်ကျော်ဆိုတဲ့ အချိန်အတိုင်းတာမှာ သိပ်ကို လွမ်းဆွတ်ရပါသည်။ ရင်ကွဲမတတ်လည်း နာကျင်ရသည်။ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ ကံကြမ္မာ ဖန်လာခဲ့ပြီးမှ ထပ်ပြီး ခွဲခွာဖို့ အကြောင်း​ဖြစ်လာခဲ့ရင် သွယ်ဖြူ ခံနိုင်ရှိပါတော့မည်လား။ နောက်ဆုံး သွယ်ဖြူဆုံးဖြတ်ချက် ချလိုက်သည်က မိမိဘက်မှ သူနဲ့ပက်သက်ပြီး ထားရှိနေတဲ့ မာနတို့ကို ခဝါချလိုက်ဖို့ပင်။ သူနဲ့ အဝေးတစ်ဖက်မှာ နေရသည်က ဘယ်လောက်ထိ ပင်ပန်းဆင်းရဲရသလဲဆိုတာ မိမိသည်သာ အသိဆုံး​​ဖြစ်သည်။ ထို့ကြောင့် အချစ်အတွက် ဒီလောက်တော့ ရင်းရ​ပေမည်။ ကိုယ်မမှားခဲ့ပေမယ့် လို့လည်းပေါ့...။

နှောင်ကြိုးWhere stories live. Discover now