နှောင်ကြိုး (Part - 8)

2.4K 176 6
                                    

(Unicode)

လိုချင်တာ ရသွားလို့ ပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်ရဲ့ အပြုံးမျက်နှာလေးဟာ သိပ်ကို အပြစ်ကင်းစင်နေသလိုပဲ ကိုယ်လိုချင်နေခဲ့တဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ သွယ်သွယ်ဖြူတစ်ယောက်ကလည်း အရင်ကထက်လည်း ပိုပြုံးလာသလို စိတ်ချမ်းသာမူတို့က အပြည့်အဝပင်ရရှိနေတော့သည်။ အချစ်ဆိုတာ ဘာလဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်မဘဝရဲ့ အချစ်ဟာ ခြူးဝေခက်ဆိုတဲ့ ကောင်မလေးလို့ပဲ ဖြေမိပါလိမ့်မယ်။ သူမတစ်ယောက်ထဲကိုမှ ချစ်တတ်ခဲ့ပြီး သူမနဲ့ပဲ အချစ်ဆိုတာကို နားလည်သိရှိခဲ့တာမို့ပါ။ နောက်ထပ်လည်း ဘယ်သူ့ကိုမှ ထပ်ချစ်လို့မရနိုင်သလို ပထမဆုံးနဲ့ နောက်ဆုံးသော ချစ်ရသူလို့ သတ်မှတ်ထားတာကြောင့် အချစ်ဆိုတာ ခြူးဝေခက်ဆိုတဲ့ ကောင်မလေးရဲ့ အရာရာတိုင်းပါ။
💛💛💛

ချစ်သူတွေဖြစ်သွားပြီဆိုတဲ့ ခေါင်းစဥ်တပ်လိုက်ကြ ကထဲက ခြူးဝေခက်တို့ ဆယ်တန်းကျောင်းသူတစ်ယောက်ဆိုတဲ့ အသိလေးပင် မေ့မေ့သွားတတ်နေသည်။ အားလပ်ချိန်ရောက်ပြီဆိုတာနဲ့ သွယ်သွယ်ဖြူရဲ့ ခုံဘေး သွားထိုင်ရင်ထိုင်၊ မထိုင်ရင်တော့ သူ့ဘေးက ပြူတင်းပေါက်လေးပေါ်မှာ လက်တင် မေးထောက်ကာ စကားသွားသွား ပြောနေတော့သည်။ ဆရာမတွေကလည်း အချိန်ပြည့် စောင့်ကြည့်မနေနိုင်တော့ အရင်လိုမျိုး ဗီလိန်လုပ်ပြီး လာခွဲမယ့်သူမရှိတော့ပေ။ ဒါ့ကြောင့်လည်း ခြူးဝေခက်တို့ လက်ရဲစရဲနဲ့ နားနေခန်းထဲ ရောက်ရောက်သွားတတ်ခြင်းဖြစ်သည်။

တစ်ခုသော မနက်ခင်းမှာတော့ သွယ်ဖြူတစ်ယောက် ခြူးဝေခက်ရဲ့ ပြူတင်းပေါက်ဘေးနား ရောက်လာရင်း...

"ခြူး.. ငါ မနက်စာ မစားခဲ့ရ​သေးဘူး..
အဲ့ဒါ မုန့်စျေးတန်းမှာ ထမင်းမုန့်တီသုပ်လေးစားချင်လို့ လိုက်ခဲ့ပေးဦး.."

"အေးအေး ခဏစောင့်.."

ပြောပြီးတာနဲ့ ခြူးဝေခက်လည်း ဘောပင်အိတ်လေးထဲက ပိုက်ဆံအချို့ကိုယူကာ အခန်းအပြင်သို့ ထွက်ခဲ့လိုက်သည်။ သူငယ်ချင်းကနေ ချစ်သူအဖြစ်သို့ ပြောင်းလဲသွားတာကြောင့် နှစ်ဦးသား ဆက်ဆံရေးမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိပေမယ့် လှမ်းခေါ်ကြတဲ့အခါ 'ဟျောင့်' အစား 'ခြူး'၊ 'ဖြူ' စတဲ့ အဖျားစွတ်ထားတဲ့ နာမည်လေးတွေ ပြောင်းခေါ်ဖြစ်ခဲ့ကြသည်။ ပြီးရင်တော့ အရင်ကထက် နှစ်ဆလောက်ပိုပြီး ရန်ဖြစ်လိုက် သတ်လိုက်ကြနှင့်ပင်..။

နှောင်ကြိုးWhere stories live. Discover now