နှောင်ကြိုး (Part - 10)

2.4K 166 2
                                    

(Unicode)

ကျူရှင်ကနေ ပြန်ရောက်ရောက်ချင်း ဆိုင်ကယ်ထိုးရပ်ပြီးတာနဲ့ ကျောပိုးအိတ်လေးကို စားပွဲပေါ် ပစ်တင်ကာ ပက်လက်ကုလားထိုင်ပေါ်သို့ အားရပါးရ ထိုင်ချလိုက်တော့သည်။ ထို့နောက်တော့ အတွေးတို့က မနက်ခင်းက အဖြစ်ပျက်လေးတစ်ခုဆီသို့ ရောက်သွားတော့သည်။ ကိုယ်အခါခါကြွေရတဲ့ အပြုံးလေးနဲ့ပဲ မနက်စောစော ကိုယ့်ဆီရောက်လာတော့ ကိုယ်ထင်ခဲ့မိတာက ကျူရှင်အတူသွားဖို့များ လာခေါ်လေသလားပေါ့..။ ဒါပေမယ့် အဲ့အတွေးလေးက တစ်ခဏအတွင်းမှာပဲ ပျက်ပြယ်သွားခဲ့တဲ့အပြင် လုံးဝမျှော်လင့်မထားတဲ့ စကားပါ ကြားလိုက်ရ​သေးသည်။ သူ့ချစ်သူနဲ့ သွားတွေ့မလို့တဲ့..။ ခြူးမှာ ချစ်သူရှိတာ သိထားပေမယ့် အခုလိုမျိုး ကိုယ့်ရှေ့မှာ သူနဲ့Dateဖို့အကြောင်း ပြောလာတော့ မခံစားနိုင်ခဲ့တာ အမှန်ပါ။ ဒါပေမယ့်လည်း ဟန်ဆောင်အပြုံးနဲ့သာ နေနေခဲ့ရသည်။ ကိုယ့်မှာ ဘာမှ ဝင်ပြောပိုင်ခွင့်မရှိ။ ကျူရှင်ရောက်တော့လည်း ထိုစိတ်နဲ့ပဲ အယောင်ယောင် အမှားမှားဖြစ်နေသည်မို့ ဆရာမတွေရဲ့ ဆူငေါက်ခြင်းကိုလည်း ခံခဲ့ရ​​ပြန်သေးသည်။ အစထဲက မဖြစ်နိုင်တဲ့သူကို တိတ်တဆိတ် ချစ်ကြိုက်နေမိတာကိုက ငါ့ရဲ့အမှားတစ်ခုပေပဲလား ဟုသော အတွေးတို့က ဝင်လာခဲ့တော့သည်။ မချစ်သင့်မှန်းသိပေမယ့် ကိုယ့်ရဲ့စိတ်ဝိဥာဥ်ကိုက ခြူးဝေခက်ဆိုတဲ့ လူသားလေးဆီ ရောက်နေတော့ ကိုယ့်ကိုကိုယ်လည်း မချစ်ဖို့ တားမနေချင်တော့။ သူ့အနားမှာပဲ နေလို့ရလောက်တဲ့ အချိန်ထိ ကပ်တွယ်နေတော့မည်ဟုသာ ဆုံး​ဖြတ်ချက် ချလိုက်ရင်း သက်ပြင်းချ၊ မျက်လုံးစုံမှိတ်ကာ ထိုကုလားထိုင်ပေါ်မှာပဲ ခဏမှေးနေလိုက်သည်။

"ဟိတ်.. အဖူး.."

"အမလေး... ဗုဒ္ဓေါ..
လန့်တာ ခြူးဝေခက်ရယ်.. ဒီမှာ မှေးနေတဲ့ဟာကို.."

"နင်က ငါလာတာတောင် သိမှမသိဘဲ..
ဟိုမှာ နင့်အဘွားတောင် လမ်းထိပ်မှာတွေ့လို့ ငါ့ဆိုင်ကယ်နဲ့ တစ်ခါထဲ တင်ခေါ်လာတာ.."

"ဟုတ်လား အဘွား..
အာ့ကြောင့် သမီးအိမ်ရောက်တော့ အဘွားကို မမြင်ပါဘူးမှတ်နေတာ.. ဒါနဲ့ အဘွားက လောက်နေပူနေတာကြီးကို ဘာသွားလုပ်တာလဲ.. အဘိုးဆီ ချိုင့်သွားပို့တာလား.."

နှောင်ကြိုးWhere stories live. Discover now