နှောင်ကြိုး (Part - 9)

2.2K 166 2
                                    

(Unicode)

ပူလောင်လွန်းသော နွေရာသီနဲ့အတူ ခြောက်သွေ့နေသော သစ်ပင်အိုတို့ရယ်ကြောင့် ရင်ထဲကအလွမ်းတို့ကား ပို၍ပို၍ ပိုလာရသည်။ ဥသြငှက်တို့ရဲ့ တွန်ကြူးသံတို့ကလည်း မိမိရဲ့ အလွမ်းတို့ကို အားဖြည့်ပေးနေသည့်အလား...။ မန္တလေးမြို့ရဲ့ နွေရာသီကား အညာဒေသထက်ကို ပို၍ လွမ်းဖို့ကောင်းနေသလို ရှိလှသည်။

(10)တန်းအောင်စရင်း မထွက်ခင်ကထဲက  ဦးလေးဖြစ်သူရဲ့အိမ်ကို အစ်မတစ်ဝမ်းကွဲတွေနဲ့အတူ သင်တန်းလေးတွေ တက်ချင်တာကြောင့် မန္တလေးမြို့သို့ လာနေဖြစ်ခဲ့ခြင်းပင်။ အခုတော့ဖြင့် ၅၁မိုင်ခန့် ကွာဝေးလှသော ဝမ်းတွင်းမြို့က ချစ်ရသူကိုသာ လွမ်းနေမိတော့သည်။ ဆယ်တန်းအောင်ရင် နှစ်ယောက်သား တက္ကသိုလ်အတူတူတက်မယ်ဆိုတဲ့ စိတ်ကူးလေးကလည်း လွန်ခဲ့တဲ့၂ပတ်ခန့်ထဲက ပျောက်ရှသွားခဲ့ပေပြီ။ ခြူးဝေခက်ဆိုတဲ့ လူဆိုးလေးက ဆယ်တန်းတက်ရတာ ပျော်လို့ပဲလားမသိ.. အောင်ဖို့အတွက် အတန်တန်ဖိအားပေးနေတဲ့ကြားထဲကပင် ကျဖြစ်အောင် ကျသွားသေးသည်။ သို့ပေမယ့် ကျွန်မပြောခဲ့တဲ့အတိုင်းတော့ ပြတ်လည်းမပြတ်နိုင်သလို ယောက်ျားယူဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အရာပင်။ ဒါကလည်း သူ့ကိုအောင်စေချင်လို့သာ သက်သက်မဲ့ လျှောက်ပြောဖြစ်ခဲ့ခြင်းသာ။ တကယ်တမ်း မလုပ်ရက်နိုင်ဘူးဆိုတာတော့ သူကိုယ်တိုင်လည်း ကောင်းကောင်းသိ​နေပါလိမ့်မည်။

နောက်ရက်များဆိုရင်လည်း ကျွန်မကိုယ်တိုင်ကပဲ မြစ်ငယ် ၊ စဥ့်ကိုင် ၊ ကျောက်ဆည် ၊ ကူမဲ (မြစ်သားမြို့ခွဲ) စတဲ့ မြို့နယ်လေးတွေကို ဖြတ်ကျော်ပြီး ဝမ်းတွင်းထိ အရောက်သွားကာ တွေ့ရပေတော့မည်။ ကိုယ်ကိုတိုင်က အဲ့လိုသွားနေဖို့အတွက် အိမ်ကိုအကြောင်းပြလို့ ရနေပေမယ့် သူကတော့ ကျွန်မဆီလာတွေ့ဖို့ အခွင့်ရေးမရှိသလောက်ပင်။ ထို့သို့သောအတွေးလေးတွေ တွေးရင်းသာ သွယ်သွယ်ဖြူတစ်ယောက် သင်တန်းကနေ အိမ်အပြန် ခရီးလေးကို ကုန်ဆုံးစေလိုက်တော့သည်။
                    🥀🥀🥀

ခြူးတစ်ယောက် ဒသမတန်း ဦးဘုန်း(ဓာတု) အထူးထုတ်စာအုပ်လေးကို ဟိုလှန်ဒီလှန်လုပ်နေရင်း အကြည့်တို့က ပထမဆုံး အတွင်းစာမျက်နှာက ကဗျာလေးဆီသို့ ရောက်သွားတော့သည်။

နှောင်ကြိုးWhere stories live. Discover now