နှောင်ကြိုး (Part- 1)

13.4K 389 11
                                    

(Unicode)

ပူပြင်းလှတဲ့ ဂျူလိုင်လ အစမှာ ဆံပင်တိုတိုနဲ့ ကောင်မလေးတစ်ယောက် ခေါင်းငုံ့ထားလျက် ထိုင်ခုံလေးပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ကာ မိဘနှစ်ပါးရဲ့ ပြောစကားများကို နားစွင့်နေသည်။ နွေအပူရှိန်နဲ့အတူ မခံမရပ်နိုင်ဖြစ်နေသော ဒေါသတို့ရယ်ကြောင့် နဖူးပေါ်တွင် ချွေးစီးချွေးပေါက်တို့က ကျလျက်ရှိသည်။ သို့ပေမယ့် ထိုချွေးစတို့ကိုလည်း မသုတ်မိသလို အနည်းငယ် ဖွာကျဲနေသော ဆံပင်တို့ကိုလည်း ဒီတိုင်းထားလိုက်မိသည်။ သူမ၏ပုံစံကား ဂျစ်ပစီလေး တစ်ယောက်ကဲ့သို့ပင်....

"ကဲ မိန်းမ... မင်း သမီးကို ဘယ်လိုလုပ်မလဲ..? အခုမှကျောင်းဖွင့်တာ တစ်လလောက်ပဲရှိသေးတယ် မင်းရဲ့သမီးပြသနာရှာလို့ ကျောင်းအုပ်ကြီး ရုံးခန်းမှာလက်မှတ် လိုက်ထိုးလိုက်ရပြီ..."

"ဖေဖေ... ပြသနာက သူတို့ဘက်ကအရင်စ,တာပါလို့ ဘယ်နှခါပြောရမှာလဲ... သမီးက ကိုယ့်ဘာသာ အေးဆေးမုန့်စျေးတန်းသွားနေတာ သူတို့ဘက်က အရင်သေချာဝင်တိုက်ပြီး ပြသနာရှာတာ... သမီးဘက်က လုံးဝမမှားဘူးနော်..."

"အေး... အခုလိုမျိုး ဆက်ဆက်ထိမခံ ပြန်ပြီးရန်တွေ့တတ်လို့ကို ပိုဆိုးနေတာ... အဖေဖြစ်သူတောင်မရှောင်ဘူး ပြန်ခံပြောနေတာ တခြားသူတွေဆို တွေးကြည့်စရာတောင် မလိုတော့ဘူး..."

"တော်ပါတော့ ကိုမျိုးမင်းရယ်... ရှင့်သမီးက ဘယ်တုန်းကများ ပြောလို့ဆိုလို့ ရတာကြလို့... အခုကလည်း သမီးလေးဘက်က မှားတာမှမဟုတ်တာ... ကလေးကို ဆူမနေပါနဲ့တော့..."

"မင်းကလည်း ရှေ့ကနေကာစီးကာစီးနဲ့ ဒါ့ကြောင့်မို့လည်း မင်း သမီးက ဒီပုံစံဖြစ်နေတာ... မွေးထားတုန်းကတော့ သမီးမိန်းကလေး ကြီးလာလေလေ ယောက်ျားလေးစိတ် ပိုပေါက်လာလေလေပဲ..."

"ဒါကတော့ ကျွန်မလည်း သဘောကျလွန်းလို့ လွှတ်ထားတာမှမဟုတ်တာ... ပြောမရလွန်းလို့သာ လက်မြှောက်ပေးလိုက်ရတာ... ဖြစ်နိုင်ရင်တော့ ကျွန်မသမီးလေးကို မိန်းကလေးပုံစံလေးပဲ ရှိစေချင်တာပေါ့..."

ခြူးဝေခက် ဆိုတဲ့ ၈တန်းအရွယ် Tomboy ပေါက်စလေးတစ်ယောက် ကျောင်းမှာရန်ဖြစ်လာလို့ ဒေါသထွက်နေရတာကတစ်မျိုး အခုလည်း အဖေတစ်လှည့် အမေတစ်လှည့် ပြောစကားတွေနားထောင်နေရတာက တစ်မျိူးနှင့် လူက ပိုပြီး စိတ်ရှုပ်လာတော့သည်။ ဒါနဲ့ပဲ သူ့အဖေတို့စကားဝိုင်းထဲသို့ ထပ်၍ဝင်လိုက်တော့သည်။

နှောင်ကြိုးWhere stories live. Discover now