နှောင်ကြိုး (Part - 15)

2.1K 163 3
                                    

(Unicode)

နာရီဝက်ခန့် ဆိုင်ကယ်မောင်းပြီးတဲ့နောက်မှာ ခြူးနဲ့အဖူးတို့ ကျောင်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။ ထို့နောက် ဆိုင်ကယ်ထားပြီးတာနဲ့ နှစ်ယောက်အတူ ကျောင်းဝင်းထဲသို့ လျှောက်လာကြရင်း ဖူးကပဲ စကားအစပျိုးလိုက်သည်။

"ခြူး.. နင် သွယ်သွယ်ဖြူနဲ့ သွားတွေ့ဦးမယ်မလား.."

"အေး ဟုတ်တယ်.. Canteen မထိုင်ချင်လို့ EP အဆောင်တွေနားမှာ ချိန်းထားတယ်.. အဲ့နားက လူရှင်းတော့ ပြောရဆိုရတာ လွတ်လပ်တယ်.."

"အေးပါ.. ဒါဆိုလည်း ငါအတန်းထဲ သွားနှင့်တော့မယ်.. နေ့လယ်စာ စားမှပဲ တွေ့ကြတာပေါ့.."

"အေးအေး.."

နှစ်ယောက်သား စကားပြောပြီးတာနဲ့ လမ်းခွဲလိုက်ကြပြီး ခြူးလည်း EP အဆောင်ဘက်သို့ လျှောက်လာခဲ့သည်။ ချိန်းထားတဲ့နေရာရောက်တော့ ဖြူမရောက်သေးတာကြောင့် ဖုန်းဆက်ကြည့်လိုက်တော့ 'အခုမှ ကျောင်းပေါက်ဝရောက်တာ' ဆိုလို့ ခြူးလည်း စိတ်ရှည်လက်ရှည်နဲ့ စောင့်နေလိုက်သည်။ ကျောပိုးအိတ်ကိုတော့ သစ်ပင်အောက်က ကွပ်ပျစ်သေးလေးပေါ်မှာပဲ တင်ထားပြီး လူကတော့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် ပြောရမယ့် စကားလုံးများကို စဥ်းစားနေမိသည်။ ခဏအကြာမှာတော့ ဖြူတစ်ယောက် ကပ်ကပ်ချပ်ချပ်ရှိလှသော ကျောင်းUniform လေးနှင့်အတူ အကြည်ဓာတ်အပြုံးလေးဖြင့် ရောက်လာခဲ့တော့သည်။

"ခြူး.. စောင့်နေတာ ကြာသွားပြီလား.."

"မကြာသေးပါဘူး.. ခုဏလေးကပဲ ရောက်တာ.."

"တော်သေးတာပေါ့ စောင့်နေရတာ ကြာသွားပြီလားလို့.. ဒါနဲ့ ဘာလို့ဒီနားလေးတွေ့ဖို့ ပြောတာလဲ? မနက်စာ မစားရသေးရင် Canteen ထိုင်ရင်း အေးဆေးစကားပြောကြမယ်လေ.."

"ငါက စားခဲ့ပြီးပြီ..
ဖြူက မစားခဲ့ရသေးဘူးလား.."

တကယ်တော့ ခြူးလည်း ကိုယ့်မေးခွန်းရဲ့ အဖြေအတွက် ရင်ခုန်နေရသည်မို့ ဘာမှစားမဝင်တာကြောင့် ဒီတိုင်းပဲ ထွက်လာခဲ့ရသည်။ ဒီနေ့တော့ ရှင်းရှင်းလင်းလင်း သိရမှဖြစ်မယ့် အဖြေကြောင့်သာ မုသားသုံးရင်း ကိုယ့်မေးခွန်းအတွက် လမ်းခင်းနေရခြင်းပင်။

နှောင်ကြိုးWhere stories live. Discover now