နှောင်ကြိုး (Final Part)

9K 321 35
                                    

(Unicode)

ည၇နာရီ အချိန်မှာတော့ ရွှန်းလတ်တို့အခန်းလေးထဲတွင် ဖျာလေးခင်းပြီး စားသောက်ဖွယ်ရာအချို့ ခင်းကျင်းကာ စကားဝိုင်းလေးတစ်ခုမှာ ရယ်မောသံများနှင့် စိုပြေနေသည်။

"ဒီလိုမှန်းသိရင် အစကထဲက ငါသောင်းကျန်းလိုက်ပါတယ်အေ.."

"ဟုတ်တယ် ဖူး.. နင်စောစောကထဲက ခြူးကို ခေါင်းတွေဘာတွေ တစ်ချက်လောက် ပိတ်ရိုက်ပြီး နားရည်လည်အောင် ပြောလိုက်ရမှာ.. ဒါမှ ငါ့အနား စောစောရောက်လာမှာ.."

အဖူးစကားအား သွယ်ဖြူထောက်ခံပေးရင်း ထပ်ဆင့်ပြောလိုက်တော့ အားလုံး သဘောကျကာ ရယ်မိကြသည်။ ထိုစဥ် ရွှန်းလတ်လည်း စကားဝိုင်းထဲ ဝင်လာသည်။

"ငါကတော့ ကော်ဖီသွားယူတဲ့ ငါ့အသဲလေး ပေါ်လာနိုးနိုးနဲ့ စောင့်လိုက်ရတာ ဒင်းလေးက အကြောင်းမကြား ဘာမကြားနဲ့ ပေါ်ကိုမလာဘူး.."

"ဒါကတော့ မ,ရယ်..
သဲလည်း သူတို့အဆင်ပြေပါ့မလားဆိုပြီး ရင်တမမနဲ့ စောင့်နေရတော့ မရဲ့ ကော်ဖီလည်း မေ့သွားတယ်.. ကိုဘုန်းခန့်ပြန်လာတာတွေ့မှ လူလည်း နည်းနည်း သက်သာရာ ရသွားတာ.. ဒါတောင် ခြူး သွယ်ဖြူ့ကို ဘုကလန့်တွေ ထပ်ပြောနေဦးမလားဆိုပြီး ထပ်ပူရသေးတယ်.."

"ကျေးဇူးပါ ဖူးရယ်.. နင်တို့ကြောင့် ငါလည်း အမြင်မှန်ရလာတာ.. မဟုတ်ရင် အမှောင်ထဲမှာပဲ တစ်ယောက်ထဲ ပိတ်မိနေဦးမှာ.. အခုတော့ အရာအားလုံးလည်း အဆင်ပြေသွားပြီဆိုတော့ ရင်ထဲကို ပေါ့သွားတာပဲ.."

"ကျေးဇူးတင်စရာမလိုပါဘူး ခြူးရယ်.. ငါတို့က သူငယ်ချင်းအရင်းကြီးတွေပဲဟာ.. နင်တို့လည်း အခုအဆင်ပြေသွားပြီဆိုတော့ ငါတို့လဲ နေရထိုင်ရတာ ပေါ့သွားတာပေါ့.."

ထိုစဥ် ရွှန်းလတ်မှ..

"ကဲ.. နှစ်ယောက်သား ပြန်အဆင်ပြေသွားပြီဆိုတော့ ဂုဏ်ပြုပွဲက ဘယ်မှာလဲ.. အခုဒီလောက်လေးနဲ့ ပွဲလို့မသတ်မှတ်ထားဘူးနော်.. ရှယ်ကို ဧည့်ခံမှရမှာ.."

"အင်းပါ မရွှန်းလတ်ရဲ့.. အခုတော့ ဖြစ်သလိုလေးပေါ့.. ဒီစီမံကိန်းကြီးပြီးသွားမှ လေးယောက်အတူ ခရီးထွက်ကြမယ်လေ.. အဲ့ကြ စားတာသောက်တာကအစ အကုန် ကျွန်တော် ဒကာခံမယ် ဟုတ်ပြီလား.."

နှောင်ကြိုးWhere stories live. Discover now